ရန်ကုန် – ရေးမြို့အပါအဝင် အခြားတိုင်းနှင့် ပြည်နယ်များသို့ ပြေးဆွဲနေသော ခရီးသည်တင်မှန်လုံယာဉ်ရှိ ကုန်တင်ခန်းတွင် တင်ဆောင်လာသောပစ္စည်းများအား လုံခြုံရေးဂိတ်တွင် စစ်ဆေးစဉ် ပစ္စည်းများ နေ့စဉ်နီးပါး ယူဆောင်ခံနေရလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးရှိ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်အပါအဝင် လုံခြုံရေးအရ ကုန်များအား စစ်ဆေးရသည့်နေရာများတွင် ပါဆယ်ပစ္စည်းများအား ဖောက်ဖျက်စစ်ဆေးရာတွင် အထူးသဖြင့် စားသောက်ကုန်များကို ယူဆောင်သွားကြကြောင်း ခရီးသည်တင်ယာဉ်လိုင်းများနှင့် ခရီးသည်များက ပြောကြားသည်။
”ကုန်တင်ခန်းကို ဖွင့်ခိုင်းတယ်၊ မသင်္ကာတဲ့ အထုတ်ကို ဖောက်တယ်၊ စားစရာတွေ့ရင်ယူလိုက်တယ်၊ အရင်တုန်းက အဲဒီလိုမရှိပေမယ့် နောက်ပိုင်း အဲဒီလိုတွေရှိလာတယ်၊ ရန်ကုန် နဲ့ ရေးအပြင် ခုနေပြည်တော်လိုင်း တွေပါ တွေ့လာရတယ်၊ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘူး၊ လက်ပိုက်ကြည့်နေရတယ်၊ သူတို့မကျေနပ်ရင် ကားကိုခေါ်သွားပြီး အားလုံးဖောက်စစ်တော့တာ၊ ခံရပြီးပြီမို့၊
ခရီးသည်တွေကိုပဲ အဆင်ပြေအောင်ပြောရတယ်၊ အချို့မိတ်ပါပျက်တယ်၊ ကျိုက်ထိုဂိတ်ကျတော့ အဲ့လိုမရှိဘူး ” ဟု ယာဉ်လိုင်းတာဝန်ခံတစ်ဦးက ပြောကြားသည်။
ရန်ကုန်နှင့် ရေးလမ်းတလျှောက် ဂိတ်အသေးနှင့် အကြီးအပါအဝင် စုစုပေါင်း ၄၀ နီးပါးခန့်ရှိပြီး တစ်ဂိတ်လျှင် ကားတစ်စီး ၁၀၀၀ မှ ၅၀၀၀ ခန့်အထိ ပေးဆောင်သွားလာနေရသော်လည်း ယခုကဲ့သို့ ပစ္စည်းများပါ ပေါ်ပေါ်တင်တင်ယူဆောင်လာခြင်းဖြစ်သည့်အတွက် တာဝန်ရှိသူများ ကြပ်မတ်ပေးစေလိုကြောင်း ခရီးသွားတစ်ဦးက ပြောကြားသည်။
” ခေတ်ကပျက်နေပြီ၊ ကျွန်တော့်မျက်မြင်ပဲ၊ ညောင်ခါးရှည်မှာ ကုန်ကားသေးပေါ်က စပျစ်သီးတွေအခိုင်လိုက်ကို ဖြုတ်ယူနေတာရော၊ ပန်းသီးခြင်းတွေထဲက ပန်းသီးတွေ ယူနေတာရော မြင်ရတာ၊ သူတို့က စူးချွန်တွေကိုင်ထားပြီး သူတို့စိတ်ထဲမသင်္ကာရင် ထိုးလိုက်တာပဲ၊ ပျက်စီးတာလဲ နားမလည်ဘူး၊ ခုက သူတို့မျက်စိကျရင် ပေါ်ပေါ်တင်တင်တောင်ယူတဲ့အဆင့်ဆိုတော့ ကြည့်ရတာ
စစ်မှုထမ်းအသစ်တွေ ဖြစ်ပုံရတယ်” ဟု မုဒုံမြို့နေ ခရီးသွားတစ်ဦးက ပြောကြားသည်။
ထို့ပြင် ခရီးသည်တင်မှန်လုံယာဉ်ဖြင့် လိုက်ပါလာသော မွန်ပြည်နယ်အတွင်းနေထိုင်သူများကို တစ်ဦးလျှင် ၁၀၀၀ မှ ၂၀၀၀ အခြားတိုင်းနှင့် ပြည်နယ်များ လာရောက်သူများကို ၂၀၀၀ မှ ၅၀၀၀ ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ထောက်ခံစာပါသူများကို တစ်ဦးလျှင် တစ်သောင်းခန့်အထိ သံဖြူဇရပ် – ရေး လမ်းပိုင်းရှိ စစ်ကောင်စီဂိတ်များက တောင်းယူနေကြောင်း သိရသည်။
Photo-ညောင်ခါးရှည်ဂိတ်
See insights and ads
All reactions:
2626