မာရှယ်လော စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် ရေးမြို့ပေါ်တွင် သန်းခေါင်စာရင်းကောက်ယူနေသည့်အဖွဲ့အား နှောင့်ယှက်မှု၊ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး အောက်တိုဘာ ၁၈ ရက်နေ့က ထောင် ၃ နှစ်ချမှတ်ခံရကြောင်း သိရသည်။
ယခုလ ၁၄ ရက်နေ့မွန်းလွဲပိုင်းက သန်းခေါင်စာရင်းလိုက်လံကောက်ယူနေသည့် ကားတန်းအား လိုက်လံနှောင့်ယှက်မှုကြောင့် သမ္မတဦးသိန်းစိန်လက်ထက်က ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဦးသန်းဇော်ဦးအား ယင်းကဲ့သို့ ထောင်ဒဏ်ချမှတ်လိုက်သည်ဟု အဆိုပါရပ်ကွက်နေ ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။
” သူက စင်္ကာပူက ပြန်လာတာမကြာသေးဘူး၊ အရက်ကတော့ နည်းနည်းသောက်စားတတ်တယ်၊ ကားတန်းကို အနောက်ကနေ ဆိုင်ကယ်နဲ့ ဟွန်းတီးပြီး လိုက်နှောင့်ယှက်တယ်၊ ရပ်ပြီးစစ်ဆေးတော့ သူ့ဆိုင်ကယ်ဘောက်ထဲမှာ ဓါးတစ်လက်တွေ့လို့ လက်နက်မှုပါ ပါသွားတယ်၊ ၃ ညစစ်ဆေးပြီး အကြမ်းဖက်အမှုနဲ့ ထောင်ချလိုက်ရော ” ဟု ၎င်းက ပြောသည်။
မာရှယ်လောထုတ်ပြန်ထားသည့် ရေးမြို့နယ်တွင် စစ်ခုံရုံးဖြင့် စစ်ဆေးကာ တစ်ပတ်အတွင်းအမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူခဲ့သည့် အောက်တိုဘာလမှ ယနေ့အထိ ရေးမြို့နယ်အတွင်း ဒေသခံပြည်သူ ၁၅ ဦးခန့် ဖမ်းဆီးထိန်းသိမ်းခံရသည့်အနက် ၄င်းအုပ်ချုပ်ရေးမှူးဟောင်းမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
Photo-အောင်မဂႅလာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး (ပုံဟောင်း)
အုပ်ချုပ်ရေး
သန်းခေါင်စာရင်း
မာရှယ်လော
သန်းခေါင်စာရင်း
နှောင့်ယှက်မှု
လက်နက်ကိုင်ဆောင်မှ
ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း
ထောင်ချခံရ