နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည်ဟုဆိုကာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)၏သားမက််ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီ ဖမ်းဆီးလိုက်ကြောင်း သိရသည်။
Dr Nay Soe Maung Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်နေ ဒေါက်တာနေစိုးမောင်အား ညနေ ၆ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းစာတွင် ထုတ်ပြန်ထားသည်။
နေရွှေသွေးအောင်၏ဖခင်ဖြစ်သူ ဒေါက်တာနေစိုးမောင်သည် ဒုတိယဗိုလ်မှူးကြီးဟောင်းတစ်ဦးဖြစ်ပြီး စစ်ဆေးတက္ကသိုလ်ကထိကတာဝန်နှင့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်းတစ်ဦးလည်းဖြစ်ကြောင်း၊၂၀၂၁ စစ်အာဏာရှင် တော်လှန်ရေးကနဦးဆန္ဒပြပွဲများတွင်လည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခဲ့စဉ်က လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားဂုဏ်ပြုခဲ့သေးသည်။
အလားတူ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း၏ သားမက်၊ အေးနေဝင်း၊ ကျော်နေဝင်းနှင့် ဇွဲနေဝင်းတို့၏ ဖခင်ဖြစ်သူ ဦးအေးဇော်ဝင်းနှင့်သားများကို နိုင်ငံတော်အာဏာသိမ်းရန်ကြံစည်မှုဖြင့် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နအဖအစိုးရက ၂၀၀၂ ခုနှစ်၌ ဖမ်းဆီးထောင်ချခဲ့ဖူးသည်။
Photo-ဒေါက်တာနေစိုးမောင်