စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကျပ်သိန်း ၂၀၀၀ ကျော် ခြိမ်းခြောက်စာပေးပို့၍ ငွေတောင်းခံမှုများပြု လုပ်သူစုံတွဲကို စစ်ကောင်စီက အောက်တိုဘာ ၂၀ ရက်နေ့လည်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှစ၍ စီးပွားရေးလုပ်ငန်းရှင် (၂၇) ဦးအား ခြိမ်းခြောက်ငွေတောင်းခံနေသူ ကျော်ခိုင်ဦးနှင့် အေးအေးဝင်းတို့စုံတွဲအား ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာ၌ စစ်ကောင်စီက စုံစမ်းကာ သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
Myanmar Business Directory Application မှ စီးပွားရေးလုပ်ငန်းရှင်များ၏ ဖုန်းနံပါတ်များအားရှာဖွေ၍ ခြိမ်းခြောက်ကာ ငွေ(၂၂၁,၃၀၀,၀၀၀) ကျပ် တောင်းခံခဲ့ကြောင်း စစ်ကောင်စီလုံခြုံရေးအဖွဲ့က ဖော်ထုတ်သိရှိခဲ့ရသည်။
ယင်းသို့ ရရှိလာသည့်ငွေကြေးများထဲမှ ငွေကျပ်သိန်း(၄၀၀)အား မော်တော်ကားတစ်စီး၊ မိုးကြိုးပစ်ကျေးရွာရှိ နေအိမ်အား ငွေကျပ် သိန်း(၁၄၀၀)တို့ဖြင့်ဝယ်ယူခဲ့ကြောင်း စစ်ကောင်စီက ဖော်ထုတ်သိရှိခဲ့ရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကားအပိုပစ္စည်း ရောင်းဝယ်ရေးဆိုင် ၅ ဆိုင်သို့ ဖုန်းနံပါတ် ၀၉-၇၉၁၁၂၈၅၂၁(FRO) အမည်ပါ Viber မှ ဆိုင်ပိုင်ရှင်များ၏ viber ဖုန်းနံပါတ်များထဲသို့ အကြမ်းဖက်ဆိုသည့်အဖွဲ့မှ ခြိမ်းခြောက် ငွေတောင်းစာ ပေးပို့ခြင်းခဲ့ကြောင်း သိရသည်။
Photo- စစ်ကောင်စီမှ ထုတ်ပြန်လာသည့်အချက်အလက်များ။