အရေးပေါ်ကယ်ဆယ်ရေးနှင့် နယ်စပ်ဖြတ်ကျော်ဒုစရိုက်သမားများ နှိမ်နင်းတားဆီးရေးအတွက် “Strike-2024” အမည်ရှိ တရုတ်နှင့် ထိုင်းစစ်တပ်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ယူနန်ပြည်နယ် ကူမင်းနယ်စပ်တွင် ၁၁ ရက်ကြာ ပြုလုပ်လျက်ရှိကြောင်း South China Morning Post သတင်းစာက ရေးသားသည်။
ပြီးခဲ့သည့် အင်္ဂါနေ့က ဖွင့်ပွဲအခမ်းအနားဖြင့် ပူးတွဲလေ့ကျင့်ရေးလေ့ကျင့်ခန်းကို စတင်ပြုလုပ်ခဲ့ပြီး မောင်းသူမဲ့လေယာဉ်နှင့် တိုက်ခိုက်ရေးကိရိယာများပါရှိသည့် လေ့ကျင့်မှုဖြင့် တရုတ်နှင့် ထိုင်းတပ်ဖွဲ့တို့က အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ဆင်ရေးကို လေ့ကျင်ခဲ့သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ထိုင်းနယ်စပ် မြောက်ဘက် ၈၀၀ ကီလိုမီတာ (မိုင် ၅၀၀) အကွာတွင် ပြုလုပ်နေပြီး ဓားစာခံများကို ကယ်ဆယ်ခြင်း၊ အထူးဖြိုခွင်းခြင်း၊ ရဟတ်ယာဉ်များ တပ်ဖြန့်ချထားခြင်း၊ ရှာဖွေခြင်းနှင့် သုတ်သင်ခြင်း လေ့ကျင့်ခန်းများ ပါဝင်ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ သိရသည်။
တိုက်ပွဲဝင်လေ့ကျင့်မှုလေ့ကျင့်နေသည့် တရုတ်တပ်ဖွဲ့ဝင်များအား ထိုင်းစစ်သားများက ကြည့်ရှုလေ့လာကြပြီး အပေါ့စားလက်နက်များ၊ မောင်းသူမဲ့တိုက်ခိုက်ရေးကိရိယာများနှင့် တရုတ်ဘက်မှအသုံးပြုသော ကင်းထောက်ကိရိယာများကို လက်ဆင့်ကမ်း၍ အတွေ့အကြုံများ ရယူခဲ့သည်။
ထိုင်းစစ်တပ်သည် ပုံမှန်အားဖြင့် အမေရိကန်မှ ထောက်ပံ့ပေးသော လက်နက်များကို အသုံးပြုလေ့ရှိသော်လည်း တရုတ်လုပ် Type-95-1 ချေမှုန်းရေး ရိုင်ဖယ် မော်ဒယ်အမျိုးမျိုးဖြင့် စစ်ရေးလေ့ကျင့်မှုကို ပြသခဲ့ကြောင်း တရုတ်အစိုးရပိုင် CCTV မှ ဖော်ပြခဲ့သည်။
အလားတူ တရုတ်နှင့် ထိုင်းစစ်တပ်သည် “Falcon Strike-2024” ပူးတွဲလေတပ်လေ့ကျင့်ရေးလေ့ကျင့်ခန်းကို ပြီးခဲ့သည့် သြဂုတ်လတွင် ဘန်ကောက်မြို့ရှိ Udorn တော်ဝင် ထိုင်းလေတပ်အခြေစိုက်စခန်း၌ ပြုလုပ်ခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၅ ရက်က ပြီးဆုံးခဲ့သော Zhanjiang မြို့တွင် အနီးရှိ တရုတ်-စင်ကာပူ စစ်ရေးလေ့ကျင့်မှု ၊ လာအိုနှင့် တရုတ်နိုင်ငံ၏ “Friendship Shield-2024” နှင့် ဇူလိုင်လတွင် ကျင်းပသည့် တရုတ်-ကမ္ဘောဒီးယား “ရွှေနဂါး-၂၀၂၄” စစ်ရေးလေ့ကျင့်မှုတို့ ပါဝင်သည်။
တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံသို့ 2019 ခုနှစ်မှ 2023 ခုနှစ်အထိ လက်နက်တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံ၏ အဓိကလက်နက်တင်သွင်းမှု၏ 44% သည် ယခင်လေးနှစ်တာကာလထက် နှစ်ဆပိုများကြောင်း စတော့ဟုမ်းအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနဌာနမှ အချက်အလက်များအရ သိရသည်။
Source; South China Morning Post.
Photo-Strike-2024