အွန်လိုင်းရာဇဝတ်လုပ်ငန်းနှင့်မသင်္ကာသူ တရုတ်နိုင်ငံသား ၂၀၀ နီးပါးကို သီရိလင်္ကာရဲတပ်ဖွဲက ယခုရက်ပိုင်းမှာ ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့က နေရာ ၄ ခုကို စီးနင်းရှာဖွေမှုများအတွင်း မသင်္ကာသူ ၁၉၈ ယောက်ကို ဖမ်းဆီးလိုက်ကြောင်း၊ တနေရာတည်းမှာတင် ၁၂၉ ယောက် ဖမ်းဆီးမိကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့ပြောခွင့်ရသူကို ကိုးကားပြီး AFP သတင်းက ဖော်ပြသည်။
မိုဘိုင်းဖုန်းများနှင့် ခရီးဆောင်ကွန်ပြူတာ အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သလို ၄င်းတရုတ်နိုင်ငံသားတို့သည် အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများကို လုပ်နေသည်ဟု ရဲတပ်ဖွဲ့က ယူဆထားပြီး သီရိလင်္ကာ နိုင်ငံသားတွေအပြင် တခြားနိုင်ငံများကလည်း အလိမ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ပြီးခဲ့သည့် ဇွန်လထဲမှာလည်း အွန်လိုင်း လိမ်လည်မှုများတွင်လည် မသင်္ကာသူ အိန္ဒိယနိုင်ငံသား အများစု ပါဝင်သည့် လူ ၂၀၀ ခန့်ကို သီရိလင်္ကာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ဖူးကြောင်း သိရသည်။
Photo- မသင်္ကာသူ တရုတ်နိုင်ငံသား ၂၀၀ နီးပါးကို သီရိလင်္ကာရဲတပ်ဖွဲ့ဖမ်းဆီး