ရေးမြို့နယ် အာယုတောင်ကျေးရွာ ပြည်သူ့စစ်အဖွဲ့အား ယမန်နေ့ညပိုင်းက မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) မှ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ည (၇) နာရီအချိန်ခန့်က အဆိုပါ အာယုတောင်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ရောက်ရှိနေသည့် ဗိုလ်ကြီးဟောင်း လင်းဦး ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့အား NMSP (AD) မှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ပစ်ခတ်မှုတွေက (၁၀) မိနစ်လောက်ဖြစ်သွားတယ်။ ပြည်သူ့စစ်အဖွဲ့ဝင် (၃) ဦးတော့ ဒဏ်ရာရသွားတယ်။ ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်ကြီးလင်းဦးကတော့ လွတ်မြောက်သွားတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
မုဒိမ်းမှုဖြင့် မြန်မာစစ်တပ်မှ မွန်လူမျိုး စစ်ဗိုလ်ပြုတ် လင်းဦးဆိုသူ ဦးဆောင်သည့် အာယုတောင်ကျေးရွာ ပြည်သူ့စစ်အဖွဲ့မှာ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများအတွင်း ပြည်သူ့လုံခြုံရေးအဖွဲ့များ တစ်စုတည်းဖွဲ့စည်းရန် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများအား ဖိအားအားပေးနေသည့် ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း ၎င်းဒေသခံက ဆိုသည်။
အဆိုပါ အာယုတောင် ပြည်သူ့စစ်အဖွဲ့ဝင် (၂၅) ဦးအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက လက်နက်တပ်ဆင်ပေးထားခဲ့ကြောင်း သိရသည်။
Photo-အာယုတောင်ကျေးရွာ