ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ ရွှေ့ပြောင်းရောက်ရှိလာသူများကို တရားဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ပန်းရောင်ကတ် ထုတ်ပေးမည်ဟု ထိုင်းအစိုးရက ကြေညာခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်က မြန်မာနိုင်ငံသားများအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့မှ တရားမဝင် အလုပ်သမားတွေအတွက် ပန်းရောင်ကတ်လုပ်ပေးမယ့်အစီအစဥ်များကို ထိုင်းအစိုးရက အတည်ပြုခဲ့ကြောင်း Thaiger သတင်းဌာနက ဖော်ပြသည်။
သို့ရာတွင် ပန်းရောင်ကတ်ပြုလုပ်ပေးမည့် လုပ်ငန်းစဥ်အဆင့်များနှင့် မည်သည့်နေ့ရက်မှာ စလုပ်ပေးမည်ဆိုသည်ကို ထိုင်းအစိုးရက ကြေညာထားခြင်းမရှိသေးပါ။
လက်ရှိ ပန်းရောင်ကတ်ရှိထားပြီးသူများကိုလည်း လာမည့် ၂၀၂၅ ဖေဖော်ဝါရီလတွင် ကတ်သက်တမ်းကုန်ဆုံးမည့်အလုပ်သမားများကိုလည်း နောက်ထပ် ၂ နှစ် သက်တမ်းတိုးပေးရန် ထိုင်းအစိုးရက စီစဥ်နေကြောင်း သိရသည်။
လက်ရှိထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းဝန်းကျင်အပြင် တရားမဝင်ရွှေ့ပြောင်း နေထိုင်နေသူ ၃ သန်းကျော်ရှိနိုင်ကြောင်း အလုပ်သမားအရေးလှုပ်ရှားသူများက ခန့်မှန်းထားသည်။
Photo- ပန်းရောင်ကတ်ပုံစံ
ရွှေ့ပြောင်းလုပ်သား
ပန်းရောင်ကတ်
အထောက်အထားမဲ့
ရွှေ့ပြောင်းရောက်ရှိလာသူများ
တရားဝင်နေထိုင်