မယ်ဆိုင်နတ်သမီး (Angel of Maesai ) ရုပ်တုသည် ဦးခေါင်းသာရှိပြီး ခန္ဓာကိုယ်မရှိသည့်အတွက် နိမိတ်ဆိုးဖြစ်စေခြင်းကြောင့် ရေကြီးရေလျှံဖြစ်သည်ဟုဆိုကာ အာဏာပိုင်များက မူလထားရှိသည့်နေရာမှ ဖယ်ရှားလိုက်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်တွင် ကြီးမားသည့် ရေကြီးရေလျှံဖြစ်ခဲ့ရသောအကြောင်းအရင်းမှာ ချင်းရိုင်မြို့ မယ်ဆိုင်မြစ်ကမ်းအနီးရှိ အဆိုပါ မယ်ဆိုင် နတ်သမီး (Angel of Maesai ) ရုပ်တုကြောင့်ဟု ထိုင်းအင်တာနက်အသုံးပြုသူများက ပြောဆိုမှုများရှိခဲ့သလို ရာဂိမုန်တိုင်းတိုက်ခတ်ပြီး လက်ရှိ မယ်ဆိုင်ရေကြီးရေလျှံမှုသည် အဆိုပါ ရုပ်တု၏ ကျိန်စာဖြစ်သည်ဟူသော ကောလာဟလများလည်း ဖြစ်ပေါ်နေခဲ့သည်။
အဆိုပါ ရုပ်တုသည် ထိုင်းမြောက်ပိုင်းတိုင်းရင်းသူတဦးအသွင် ထုလုပ်ထားသည့် ဦးခေါင်းပုံရုပ်တုဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို အထိန်းအမှတ် အနုပညာတခုသာဖြစ်ကြောင်း ရုပ်တု ဖန်တီးသူ Chalermchai Ksitpipat က ပြောဆိုထားသည်ကို ထိုင်းသတင်းများတွင် ဖော်ပြသည်။
Photo-မယ်ဆိုင်နတ်သမီးရုပ်တု