စစ်ကောင်စီက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးဗဟိုကြီးကြပ်မှုအဖွဲ့ကို ဩဂုတ်လက ဖွဲ့စည်းခဲ့ပြီး ပြည်နယ်၊ မြို့နယ်များနှင့် ရပ်ကွက်ကျေးရွာများအလိုက် ဆက်လက်အကောင်အထည်ဖော်ရန်အတွက် လူမှုရေးအသင်းအဖွဲ့များကို လိုက်လံစည်းရုံးနကြောင်း သိရသည်။
ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှတဆင့် အဆိုပါအဖွဲ့ထဲသို့ဝင်ရောက်ပြီး ပြည်သူ့လုံခြုံရေးကိစ္စများကိုဆောင်ရွက်ရန် ရပ်မိရပ်ဖများ၊ ပရဟိတလူမှုရေးအသင်းများအပါအဝင် လိုက်လံစည်းရုံးနေကြောင်း မွန်ပြည်နယ်အတွင်း နေထိုင်ကြသည့် မြို့ခံ ရပ်မိရပ်ဖများက ပြောကြားသည်။
”ထွေအုပ်ကတော့ အသင်းအဖွဲ့တွေခေါ်တွေ့လို့ စကစကပေးတဲ့ စစ်သင်တန်းတက်ပြီး ပြည်သူ့လုံခြုံရေးကိစ္စ ဆောင်ရွက်ဖို့ ပြောနေပြီ၊ အတင်းအကြပ်ပုံစံမဟုတ်ပေမယ့် တဆင့်ပြီးတဆင့်လုပ်လာမယ့်သဘောရှိတယ်၊ ရေးမြို့မှာဆိုရင် တပ်မက တစ်ပတ်တစ်ခါ အသင်းအဖွဲ့၊ ဂေါပကအဖွဲ့၊ ဘာသာရေးအဖွဲ့တွေကိုခေါ်ြပီး အခြေအနမေးမြန်းတာတွေ၊ ဘယ်လိုကူညီရမလဲ မေးမြန်းတာတွေလုပ််နေပြီး စည်းရုံးနေပြီလို့သိရတယ်” ရေးမြို့နယ် လမိုင်းမြို့မှ မိမြို့ဖတစ်ဦးက ပြောကြားသည်။
ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ အနေဖြင့် အသက် ၃၅ နှစ်မှ ၆၅ နှစ်အထိ အရပ်သားအမျိုးသားများကို ရက်တိုစစ်သင်တန်းတက်စေကာ မိမိတို့၏ရပ်ကွက်ကျေးရွာအလိုက်ဖွဲ့စည်းထားသည့် အဖွဲ့များထံပါဝင်စေမည်ဟု သိရသည်။
”အချို့ရပ်ကွက်နဲ့ ကျေးရွာမှာတော့ ဖွဲ့ထားတာရှိတယ်၊ ရေးမှာဆိုရင်တော့ သူခိုးတွေ ညတိုင်းသောင်းကျန်း လွန်းတော့ တက်ကြွလှုပ်ရှားသူတွေနဲ့တော့ရှိတယ်၊ ခက်တာက စကစနဲ့ပေါင်းပြီး သင်တန်းတက်တာတွေ မလုပ်ချင်ကြသလို ရပ်ရွာထဲမှာလဲ ဒလန်လို့ပြောခံရမှာ စိုးရိမ်နေကြတယ်၊ ရေးဘက်ကဆိုရင် တော်လှန်ရေးအဖွဲ့အစည်းတွေများတော့ ဒီ့အတွက်လည်း သူခိုးဒါးမြရန်ကနေ ကိုယ့်ဒေသကာကွယ်ချင်ပေမယ့် ခက်နေတယ်၊ ” ဟု မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့၏လုပ်ငန်းစဉ်တွင် ပြည်နယ်နှင့်တိုင်းမှ ရပ်ကွက််နှင့် ကျေးရွာများအထိ စစ်သင်တန်းများပေးကာ လက်နက်တပ်ဆင်ပေးရန်အထိ ပါဝင်ကြောင်း သိရသည်။
Photo- စစ်ကောင်စီ၏ စစ်သင်တန်း (Social Media)