မြန်မာပြည်တောင်ပိုင်းဒေသ မွန်နှင့် ကရင်ပြည်နယ်ရှိ ဘီးလင်းမြစ် သံလွင်မြစ်နှင့် သောင်ရင်းမြစ်တို့၌ ယခုရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ်နှင့် စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်ရောက်ရှိလာနိုင်ကြောင်း မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။
ယမန်နေ့ မွန်းလွဲပိုင်းအချိန် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ် ၃၃ ဒဿမ ၅၃ ပေ(၁၀၂၂ စင်တီမီတာ)အောက် နှစ်ပေခ န့် (၅၈ စင်တီမီတာ)တွင် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း၊ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေ မှတ် ၂၄ ဒဿမ ၆၁ ပေ(၇၅၀ စင်တီမီတာ)အောက် တစ်ပေကျော် (၃၅ စင်တီမီတာ)တွင် ရောက်ရှိနေပြီး၊ နောက်နှစ်ရက်အတွင်း အဆိုပါ ဘားအံမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သတိပေးထားသည်။
ထို့ပြင် မြဝတီမြို့ရှိ သောင်ရင်းမြစ်ရေသည်လည်း ၃၁ ဒဿမ ၅၉ပေ(၉၆၃စင်တီမီတာ) အထက်သို့ နှစ်ပေကျော်လွန်ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း နှစ်ပေခွဲခန့် မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရှိနိုင်ကြောင်း မိုးဇ/လ၏ အသိပေးထုတ်ပြန်ထားသည်။
Photo-မြဝတီမြို့ ရေကြီးနေသည့်မြင်ကွင်း