ရေးမြို့နယ်တွင် အိမ်ခြံမြေရောင်းချသူများပြားလားသော်လည်း တန်ဖိုးနည်းမြေကွက်များသာ လတ်တလော အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
အထူးသဖြင့် ရေးမြို့မအတွင်း အိမ်ခြေ ၁၀၀ နီးပါးခန့်မှာ အရောင်းတင်ထားသော်လည်း ရေးမြို့အစပ်နေရာကောင်းဖြစ်လာနိုင်သည်ဟု ယူဆရသည့် ရေးနှင့် မော်လမြိုင်ကားလမ်းဘေးရှိ ခြံကွက်များကို မြေကွက်အဖြစ်ဖော်ဆောင်ထားသည့်နေရာများတွင်သာ အဓိကအရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံက ပြောသည်။
“ရေးမြို့လယ်မှာကိုပဲ အိမ်ခြေ ဆယ်နဲ့ချီအရောင်းရှိနေတယ်၊ ရွှေဈေးတွေတက်နေပေမယ့် မြို့တွင်းအရောင်းအဝယ်က မရှိသလောက်ပဲ။ လုံခြုံရေးစိတ်မချတဲ့ရွာတွေက ချမ်းသာတဲ့ မိသားစုတွေကတော့ မော်လမြိုင်ကိုပဲ အဓိကပြောင်းရွှေ့အိမ်ဝယ်ကြတာလဲပါမှာပေါ့။ မြို့စွန်ရပ်ကွက်တွေက အိမ်တောင် ဈေးတွေလျှော့ချပြီးရောင်းနေကြလို့ သိန်လေးရာ ငါးရာဝန်းကျင်တွေတော့ အရောင်းအဝယ်ဖြစ်ကြတယ်၊ ကားလမ်းဘေး အလားလာရှိတဲ့မြေကွက်တွေတော့ အရောင်းအဝယ်မပြတ်ဘူး ” ဟု အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောသည်။
တန်ဖိုးနည်းမြေကွက်ဝယ်ယူသူအများစုမှာ ပြည်ပသို့သွာရောက်အလုပ်လုပ်ကိုင်ကြသည့်သူများ ဖြစ်ကာ နိုင်ငံခြားငွေကြေး မြင့်တက်လာပြီး မြန်မာကျပ်ငွေမကိုင်ထားလိုသောကြောင့်ဖြစ်ကြောင်း သိရသည်။
ရေးမြို့မအတွင်း အိမ်ခြံမြေဈေးနှုန်းများအနေဖြင့် ငွေကျပ် သိန်းသုံးထောင်ကျော်မှ ကျပ်သိန်းသောင်းကျော်အထိရှိနေပြီး ငွေကြေးလိုအပ်၍သော်လည်ကောင်း၊ တစ်နယ်တစ်ကျေးသို့ ပြောင်းရွှေ့လိုသောအတွက်လည်ကောင်း အချို့မှာ ဈေးနှုန်းလျှော့ချရောင်းချမှုများရှိနေသော်လည်း အရောင်းအဝယ်မရှိဖြစ်နေကြောင်း သိရသည်။
သို့ရာတွင် လက်ရှိကာလတွင် ရေးမြို့ထွက် ကွမ်းသီးနုများစျေးကောင်းရနေသဖြင့် ဒေသခံတို့၏ စီးပွားရေးအခြေအနေ အနည်းငယ်ကောင်းမွန်လာကြောင်း ယူဆပြောဆိုမှုများ ရှိသည်။
Photo- အိမ်ခြံမြေကွက်များ