ရေးမြို့နယ် လမိုင်းမြို့ပေါ်က ယုဇနရွှေဆိုင်ကို ယနေ့နံနက်ခင်း စျေးဖွင့်ချိန်၌ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လမိုင်းမြို့၊ မြို့မ(၁)ရပ်ကွက် ရှင်စောပုဈေးရှိ ယုဇနရွှေဆိုင်သို့ ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီ ၄၅ အချိန်ခန့်တွင် ဆိုင်ကယ်တစ်စီးဖြင့် ပစ္စတိုလက်နက်ကိုင်ဆောင်သည့် အမျိုးသား ၂ ဦးမှ ရောက်ရှိလာပြီး ရွှေဆိုင်အတွင်းရှိ ၈ လက္မပတ်လည်၊ ၁ ပေခွဲအမြင့်ရှိ ရွှေနားကပ်ထည့်သည့် ပုံး ၁ ပုံး လုယူကာ ဈေးအနောက်ဘက်မှ ကော့ဒွတ်ကျေးရွာ ဘက်သို့ ဦးတည် မောင်နှင်ထွက်ပြေးသွားကြောင်း သိရသည်။
“ခန့်မှန်းချေနားကပ် အရံ၄၀၀-၅၀၀ ဝန်းကျင်ခန့်ပါသွားပါသဖြင့် လာရောင်းသူကို တွေ့ရှိပါက အကြောင်းကြားပေးကြပါရန် အကူညီတောင်းခံအပ်ပါသည်ရှင်” ဟု ယုဇနရွှေဆိုင်က ဆိုရှယ်မီဒီယာပေါ် ဖြန့်ဝေထားသည်။
ဈေးအတွင်းရှိ ပြည်သူများမှ ပစ္စည်းပြန်လည်ရရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသော်လည်း ဓါးပြတိုက်သူ လူငယ် ၂ ဦးမှ ပစ္စတိုသေနတ် ၂ ချက် မိုးပေါ်ထောင်ဖောက်၍ ထွက်ပြေးလွှတ်မြောက်သွားသည်ဟု သိရသည်။
ပစ္စတိုလက်နက်ကိုင်လူငယ် ၅ ဦးခန့်သည် ဆိုင်ကယ် ၃ စီးဖြင့် ယနေ့နံနက် ၇ နာရီခွဲအချိန်ခန့် မှစ၍ ဈေးအနီးသို့ ကြိုတင်ရောက်ရှိစောင့်ဆိုင်းခဲ့ပြီး အခွင့်သာသည့်အချိန်တွင် ဓားပြတိုက် လုယူထွက်ပြေးခဲ့ကြခြင်းဖြစ်ကြာင်း CCTV အချက်အလက်များမှ သိရသည်။