လာမည့် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလများအတွင်း ဝဲကလိတပ်နယ်မှ အမှတ် (၄) တပ်မတော် တန်းမြင့်သင်တန်းကျောင်းအပါအဝင် ရေးနှင့် သံဖြူဇရပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲသွားရန် အနီးအနားပတ်ဝန်းကျင်ဒေသများအတွင်း တော်လှန်ရေးတပ်ဖွဲ့များ စုဖွဲ့နေကြောင်း စစ်ကောင်စီလော်ဘီများက တယ်လီဂရမ်ပေါ်မှ ဝါဒဖြန့်ရေးသားနေကြောင်း တွေ့ရသည်။
တယ်လီဂရမ်ပေါ်မှ တတက ၄ (ဝဲကလိ) မြို့သိမ်းတိုက်ပွဲ အဖြစ် ရေး / သံဖြူဇရပ်မြို့တို့အား ပူးပေါင်း အင်အားအလုံးအရင်း ဖြင့် တိုက်ခိုက်ရန် စီစဥ် စုဖွဲ့ ဆောင်ရွက်လျှက်ရှိကြောင်း၊ အောက်တိုဘာ ၂၇ (၁၀၂၇ လှိုင်း) (သို့) စက်တင်ဘာ ၂၇ နေ့ တွင် မြန်မာပြည်တောင်ပိုင်းတိုင်းစစ်ဒေသအဖွဲများ ဖြစ်ကြသည့် KNU တပ်မဟာ ၆ ၊ ရင်း ၁၆ မှ KNLA များ ၊ ရင်း ၂၇ မှ KNU/ PDF တောင်ညိုစစ်ကြောင်း၊ ကျည်ကာ၏ ကစယ့်သူ၊ တောင်ညို၊ ပိုင်စိုး ၏ ပျံလွှား drone အဖွဲ့၊ ဗိုလ်ဇေယျ ၏ တောင်ညို တပ်ခွဲ ၃ အဖွဲ၊ ပဒဲကော၏ တောင်ညို တပ်ခွဲ ၂ အဖွဲ၊ ဒေါန စစ်ကြောင်း၊ ရေးဘီလူး SOF အဖွဲ့၊ ဗိုလ်ကျန်ရစ် YGF အဖွဲ့နှင့် PDF + ဗိုလ်ရန်နိုင် YPDF အဖွဲ့များ၊ NMSP(AD), MLA, MSRF အဖွဲများ ပူးပေါင်းကာ စစ်ရေး ပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း၊ အရံအင်အားအဖြင့် ဗိုလ်ဒါဘောစစ်ကြောင်းနှင့် စောအယ်စေးဝါးစစ်ကြောင်းတို့ ပါဝင်ကြောင်း ရေးသားထားသည်။
အဆိုပါတော်လှန်ရေးပူးပေါင်းအဖွဲ့တို့သည် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းခွဲရှိ စစ်ကောင်စီ၏ သက္ကော့စစ်ဆေးရေးဂိတ်ကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် ယမန်နေ့ ဩဂုတ်လ (၂၇) ရက်နေ့ ည (၆) နာရီဝန်းကျင်အချိန်ခန့်ကလည်း သံဖြူဇရပ်မြို့နယ် ကော့လေးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၁၂) ရက်တွင် ကျရောက်သော ကရင့်အာဇာနည်နေ့မှစတင်ကာ အဆိုပါ သံဖြူဇရပ် – အနန်းကွင်း – ဘုရားသုံးဆူကားလမ်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီတပ်၏ အနန်းကွင်းဗျူဟာကုန်းအား KNLA နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေသည့်အတွက်ကြောင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများအပြင် လေကြောင်းနှင့်ပါ ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်နေသည့်အတွက်ကြောင့် အနန်းကွင်းကျေးရွာနှင့် အနီးတဝိုက်ရွာများက နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့သည်။
တိုက်ပွဲသတင်း
မြို့သိမ်းတိုက်ပွဲ
ရေးနှင့်သံဖြူဇရပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲရန်
KNUတပ်မဟာ၆
ရင်း၁၆
KNLA
ရင်း၂၇
KNU,PDFတောင်ညိုစစ်ကြောင်း
ဒေါနစစ်ကြောင်း
ရေးဘီလူး
ဗိုလ်ကျန်ရစ်အဖွဲ့ YGF
ဗိုလ်ရန်နိုင် YPDF အဖွဲ့များ
NMSP (AD)
MLA
MSRF အဖွဲများ