ထိုင်းနိုင်ငံ၏ အကောက်ခွန်လုပ်ထုံးလုပ်နည်းများကို မဖြတ်သန်းဘဲ နိုင်ငံပြင်ပဖြစ်သည့် ဘုရားသုံးဆူမြို့သို့ ပို့ဆောင်မည့် ကွန်ပျူတာအလုံး ၁၀၀ နှင့် ဆက်စပ်ပစ္စည်းများကို ထိုင်းအာဏာပိုင်တို့က ယနေ့တွင် ဆက်လက်ဖမ်းဆီးမိကြောင်း ထိုင်းအင်တာနက်သတင်းများမှ သိရသည်။
မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို သယ်ဆောင်လာသည့် အင်တာနက် Wi-Fi Router ၇၅၀ ခုကို ယမန်နေ့က ထိုင်းအာဏာပိုင်တို့ ဖမ်းဆီးရမိပြီးနောက် အဆိုပါကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို စံခလပူရီမြို့အထွက် PTT စက်သုံးဆီဆိုင်အနီးတဝိုက်တွင် သြဂုတ် (၅) ရက်နေ့က ထိုင်းအာဏာပိုင်တို့ ဆက်လက်ရှာဖွေဖမ်းဆီးရမိခြင်း ဖြစ်သည်။
ဖမ်းဆီးမိသည့် ကွန်ပျူတာများမှာ 1. Notebook ကွန်ပြူတာ Acer Nitro 16 တံဆိပ် (၄) လုံး၊ 2. Notebook ကွန်ပြူတာ Acer Nitro 5 တံဆိပ် (၄) လုံး၊ 3. Notebook ကွန်ပျူတာ တံဆိပ် Acer Aspire vero (၁) လုံး၊ 4. Notebook ကွန်ပျူတာ အမှတ်တံဆိပ် Acer Aspire 5 15, (၁) လုံး၊ 5. Lenovo အမှတ်တံဆိပ် Notebook ကွန်ပျူတာ (၈) လုံး၊ 6. MSI Thin 15 ကွန်ပျူတာ (၅) လုံး၊ 7. Notebook Gigabyte Aorus 15 အမှတ်တံဆိပ် ကွန်ပျူတာ (၅) လုံး၊ 8. Gigabyte G5 Notebook ကွန်ပျူတာ (၇) လုံး။ 9. HP 15, Notebook ကွန်ပျူတာ (၆) လုံး၊ 10. HP Victus Notebook ကွန်ပျူတာ (၁၄) လုံး၊ 11. Asus vivo bool 16 Notebook ကွန်ပျူတာ (၃) လုံး၊ 12. Asus Tuf ဂိမ်းဆော့ F15 Notebook ကွန်ပျူတာ (၃) လုံး၊ 13. Asus Tuf ဂိမ်း A15 Notebook ကွန်ပျူတာ ၃၉ လုံး စုစုပေါင်းကွန်ပျူတာ အလုံး ၁၀၀ နှင့် ဆက်စပ်ပစ္စည်းများဖြစ်သော နားကြပ် (over-ear type) ငှက်ပျောသီး တံဆိပ် ၂ စုံ။ Headphones (over-ear type), Razer တစ်စုံ၊ Headphones (over-ear type) အမှတ်တံဆိပ် Asus ROG တစ်စုံ၊ Mouse pad၊ Razer အမှတ်တံဆိပ် ၁ ခု၊ Asus Tuf ဂိမ်းကီးဘုတ် ၁ ခု Notebook ကွန်ပျူတာအိတ် (၃၈) လုံးတို့ကို တာ့ခရိုင် မဲဆောက်မြို့မှ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးထံမှ ဖမ်းဆီးရမိခဲ့သည်။
ယခုအခါ ဘုရားသုံးဆူမြို့တွင် ကျားဖြန့် တရုတ်ငွေလိမ်လုပ်ငန်းများ ရောက်ရှိလာသဖြင့် ထိုင်းစစ်တပ်၊ ရဲ၊ နယ်ခြားစောင့်၊ ထောက်လှမ်ရေး၊ အကောက်ခွန်၊ လဝကနှင့် ဌာနအဖွဲ့စုံပူးပေါင်း၍ လက်ရှိတွင် နယ်စပ်လုံခြုံရေးလုံခြုံကို အထူးတင်းကြပ်ထားသည်။
ထို့အတူ ဘုရားသုံးဆူနယ်စပ်ဂိတ်ကိုလည်း အဆင့်မြှင့်တိုးချဲ့သွားရန် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC)က ဆုံးဖြတ်ထားကြောင်း သိရသည်။
Photo; ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี

