ရေး-သံဖြူဇရပ် အမှတ်(၈) လမ်းမကြီးပေါ်၌ ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း မည်သည့်ယဉ်မှ ဖြတ်သန်းခြင်းမပြုရန် ယမန်နေ့တွင် အထူးကြေညာချက်ထုတ်ပြန်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က တားမြစ်လိုက်သည်။
ယင်းသို့ ကြေညာချက်ထုတ်ပြန်ပြီး အချိန်မှစ၍ ဖြတ်သန်းသည့် မည်သည့်ယဉ်မဆို ပစ်ခတ်မည်ဖြစ်ကြောင်း ဒုတာဝန်ခံ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ဟူ၍ သြဂုတ် (၅) ရက် နေ့စွဲဖြင့် အထူးကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။
သို့ရာတွင် အရေးပေါ်လူနာတင်ယဉ်အား ၁။ ၈၀ ကီလိုမီတာအထက် ပိုမမောင်းရန်။ ၂။ မှန်ပြူတင်းချပြီး မောင်းရန်။ ၃။ ယဉ်ကိုယ်ထည်အတွင်း မီးဖွင့်မောင်းရန်။ ၄။ ဥဩအသံဖွင့်မောင်းရန်။ ချွင်းချက်အနေဖြင့် ဖြတ်သန်းခွင့်ပြုသည်ဟု ရေးသား ဖော်ပြထားသည်။
အဆိုပါ ရေး-သံဖြူဇရေပ် အမှတ် (၈) ကားလမ်းမတလျှောက်တွင် ပြီးခဲ့သည့် သီတင်းပတ်ကစပြီး စစ်ကောင်စီတပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် နေရာဝင်ရောက်ယူလာသဖြင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျှက်ရှိကြောင်း၊ ယင်းသို့ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် နှစ်ဖက်စလုံးကျဆုံးထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းများက ဖော်ပြနေသည်။