ရထားသံလမ်းပေါ် ရေကျော်နေသောကြောင့် ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်များ ယာယီရပ်နားထားကြောင်း မော်လမြိုင်ဘူတာကြီးက အသိပေးထုတ်ပြန်ထားသည်။
လက်ရှိတွင် ပဲခူးဘူတာအတွင်း၊ တံတားအမှတ်(၆၀) တွင် ရထားသံလမ်းပေါ်သို့ ရေကျော်နေပြီး ရထားများဖြတ်သန်းသွားလာမရ ဖြစ်နေသောကြောင့် ဇူလိုင်လ ၂၉ ရက်နေ့ မော်လမြိုင်ဘူတာမှထွက်ခွာမည့် အမှတ်(၈၂) အစုန် မော်လမြိုင်-ရန်ကုန် ရထားနှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ်(၈၁) အဆန် ရန်ကုန်-မော်လမြိုင်ရထား ယနေ့ခရီးစဥ်များကို ယာယီဖျက်သိမ်းထားမည်ဖြစ်ကြောင်း အသိပေးထားသည်။
“လတ်တလော ပဲခူးမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေလို့ ရထားလမ်းတွေပါ် ရေကျော်နေတဲ့အတွက် ရထားခရီးစဉ်တွေကို ယာယီဖျက်သိမ်းထားရပါတယ်။ ရထားခရီးစဉ်တွေ ပြန်လည်ပြေးဆွဲပေးမယ့်ရက်ကို အသိပေး ထုတ်ပြန်ပေးသွားပါ့မယ်”
ယနေ့အတွက် ဝယ်ယူထားသောလက်မှတ်များကို မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံတွင် ငွေပြန်အမ်းသွားပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။