တရုတ်ပြည်တွင် မောင်းသူမဲ့တက္ကစီများ ပြေးဆွဲခွင့်ပြုလိုက်ရာ အလုပ်လက်မဲ့ဖြစ်လာမည့်အရေးကို အငှားယဥ်မောင်းများ အထူးစိုးရိမ်နေရပြီး အကန့်အသတ်ဖြင့်သာ အသုံးပြုရန် ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ထံ အသနားခံထားကြသည်။
ဝူဟန်မြို့ရှိ Baidu Inc ၏ Apollo ကုမ္ပဏီခွဲတွင် မောင်းသူမဲ့ အငှားယာဉ်ပေါင်း ၁၀၀၀ ကျော်ရှိရာ ယာဉ်မောင်းများအကြား အလုပ်လက်မဲ့ဖြစ်မည့်အရေး ရတက်မအေး ဖြစ်နေကြကြောင်း၊ မောင်းသူမဲ့အငှားယာဉ်များမှာ သမားရိုးကျ အငှားယာဉ်များအောက် ယာဉ်စီးခ သက်သာလေ့ရှိကြောင်း သိရသည်။
လူဦးရေ ၁၃ ဒသမ ၇ သန်းရှိသော ဝူဟန်မြို့တွင် Apollo Go မောင်းသူမဲ့အငှားယာဉ် ဝန်ဆောင်မှုကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် စတင်ခဲ့ပြီး မြို့သူမြို့သားများအကြား အလွန်ကျော်ကြားခဲ့သည်။
Tesla က လာမည့် လာမည့်သြဂုတ်လ ၈ ရက်တွင် မောင်းသူမဲ့ robotaxi များ ဖြန့်ချိရန် စီစဉ်နေချိန်တွင် ပေကျင်း အုပ်ချုပ်ရေးအဖွဲ့က ယခုကဲ့သို့ မောင်းသူမဲ့ အငှားယာဉ်များ ပြေးဆွဲခွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။
အဆင့်မြင့် မောင်းသူမဲ့စနစ်ကို တရုတ်ပြည်တွင် သုံးစွဲသူများပြားလာသည်နှင့်အမျှ ပေကျင်းမြို့ အုပ်ချုပ်ရေး အဖွဲ့က အငှားကားများတွင် မောင်းသူမဲ့စနစ်ကို အသုံးပြုရန် ကူညီပံ့ပိုးမှုများ ပြုလုပ်လာသည်။
ဒေသခံများနှင့် အငှားယာဉ်မောင်းတို့၏ ဝေဖန်မှုများရှိနေသော်လည်း မောင်းသူမဲ့ယာဉ်များကို အားပေးသော customer များ လျင်မြန်စွာ များပြားလာနေသည်။
Ref: China Allows Robotaxis Without Operators in Shanghai (wallstreetjournal, bangkokpost)