ထိုင်းနိုင်ငံတွင် ယခု ၃၆ ရက်တာကာလအတွင်း မြန်မာလုပ်သားရှစ်သောင်းကျော် အပါအဝင် နိုင်ငံခြားသားအလုပ်သမား တစ်သိန်းကျော် ဖမ်းဆီးခံရကြောင်း အလုပ်သမားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်၏ ၃၆ ရက်အတွင်း မြန်မာအပါအဝင် နိုင်ငံခြား သားအလုပ်သမား ၁၀၀,၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ရက်ပေါင်း ၁၂၀ စီမံချက် တရားမဝင်အလုပ်သမား ဖမ်းဆီးရေးအတွက် ဇွန် ၅ ရက်မှ ဇူလိုင် ၁၁ ရက်အထိ ၃၆ ရက်အတွင်း အလုပ်ရုံ၊ စက်ရုံ၊ လုပ်ငန်းဆိုက်အသီးသီးမှ တရားမဝင်အလုပ်သမားများကို လိုက်လံစစ် ဆေးမှုပြုလုပ်ရာတွင် အထောက်အထားမဲ့ လုပ်သားစုစုပေါင်း ၁၀၈၈၇၅ ဦး ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရ မိသူများအနက် မြန်မာနိုင်ငံသား အလုပ်သ မား ၈၀၉၁၃ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၁၆၅၀၇ ဦး၊ လာအိုအလုပ်သမား ၇၈၀၄ ဦး၊ ဗီယက်နမ်အလုပ်သမား ၁၀၄ ဦးနှင့် အခြား နိုင်ငံသားအလုပ်သမား ၃၅၄၇ ဦးဖြစ်ကြောင်း သိရသည်။