သံဖြူဇရပ်မြို့က PDF အဖွဲ့ဝင်တစ်ဦး အလင်းဝင်လာပြီး ဝဲကလိတပ်နယ် တတက (၄) ခန်းမ၌ ယနေ့ (ဇွန် ၁၈) တွင် မိဘထံအပ်နှံပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်းက “PDF အဖွဲ့ဝင်က ဇွန်လ (၁၅) ရက်နေ့မှာ အလင်းဝင်ရောက်လာသူဖြစ်ပါတယ်။ သူက ပြစ်မှုကျူးလွန်ထားခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။ ” ဟု ပြောကြားသည်။
သံဖြူဇရပ်တပ်နယ်သို့ အလင်းဝင်ရောက်လာသူ PDF အဖွဲ့ဝင်အား တပ်နယ်မှူးမှ အသိပညာပေးစကားပြောကြားခဲ့ပြီး၊ မိဘဖြစ်သူထံ ပြန်လည်အပ်နှံပေးခဲ့ကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။