ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းပြီး၊ သောင်းရင်းမြစ်ရေတိုးလာသည့်အတွက်ကြောင့် ယမန်နေ့ ဇွန်လ (၈) ရက်နေ့ ညပိုင်းမှစတင်ကာ မြဝတီမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း မြို့ခံများထံမှ သိရသည်။
သောင်းရင်းမြစ်ရေတိုးလာသည့်အတွက် မြဝတီမြို့ရှိ ရပ်ကွက် ၁ ၊ ရပ်ကွက်၂ ၊ ရပ်ကွက် ၅ ၊ မြေနီကုန်း နှင့် အာရှလမ်းများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း မြို့ခံတစ်ဦးကပြောကြားသည်။
“မိုးကရွာနေတုန်းဆိုတော့ ရေကထပ်တိုးနေတုန်းဘဲ။ တချို့အနိမ့်ပိုင်းနေရာတွေတော့ ပြောင်းတာရွေ့တာတွေလုပ်နေကြတယ်” ဟု ၎င်းမြို့ခံက ဆက်ပြောသည်။
အလားတူ ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့ဘက်တွင်လည်း ဒေသတချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်းလည်း ထိုင်းဘက်မှ လာသည့် သဆင်းများအရ သိရသည်။
Photo Credit – CJ