ထားဝယ်မြို့, အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှ မူလတန်းအရွယ်ကလေးငယ်များ ထိခိုက်သေ ဆုံးမှုများရှိ ကြောင်း ကနဦး သိရသည်။
ယနေ့ ဇွန် (၄) ရက်နေ့ မွန်းလွဲ (၁၂) နာရီခွဲ အချိန်ခန့်က အဆိုပါ အိမ်ရှေ့ပြင် မူလတန်းကျောင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရကြောင်း ထားဝယ်မြို့ခံတစ်ဦးကပြောကြားသည်။
“ကလေး (၂၀) ကျော်ထိခိုက်ဒဏ်ရာရသွားပြီး၊ (၃) ဦးလောက် သေဆုံးသွားပြီးလို့ ကြားသိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု ၎င်းမြို့ခံက ဆက်လက်ပြောကြားသည်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် မူလတန်းအရွယ် ကလေးငယ်များအား ဒေသခံလူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့် မြို့ခံပြည်သူများက ထားဝယ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။