ကျိုက်ထိုမြို့နယ် ဘိုရားကြီးကျေးရွာအနီးတွင် ယမန်နှစ် ဩဂုတ်လ (၂၄) ရက်နေ့က နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်အဆင့်ရှိသူ ဝင်းစိုး နှင့် နီးဖြစ်သူ ဒေါ်ဇင်မာမျိုးတို့အား လုပ်ကြံသတ်ဖြတ်ခဲ့သူများအနက်မှ ကျူးလွန်သူဟုယူဆရသူတစ်ဦးအား မေလ (၂၈) ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖမ်းဆီးရမိခဲ့သူမှာ ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာအနောက်ပိုင်းနေ အသက် (၂၈) နှစ်အရွယ် တင့်နိုင်ဝင်း (ခ) ဖြူနိုင် ဆိုသူဖြစကြောင်း စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“တင့်နိုင်ဝင်း (ခ) ဖြူနိုင် ကို စစ်ဆေးခဲ့တဲ့အခါမှာ BGF က ဗိုလ်အဆင့်ရှိသူ ဦးဝင်းစိုး ရဲ့ နေ့စဉ် သွားလာတတ်တဲ့နေရာတွေ၊ နေအိမ်ကို အဝင်အထွက်ပြုလုပ်အခြေအနေတွေကို စုံစမ်းပြီးတော့ အရင်သတင်းစုဆောင်းတယ်။ ပြီးတော့မှ မနှစ်က ဩဂုတ်လ (၂၄) ရက်နေ့၊ မနက်ပိုင်းမှာ ဦးဝင်းစိုး နဲ့ သူ့ဇနီးဖြစ်သူတို့ ဘိုရားကြီးကျေးရွာမှာရှိတဲ့ ဈေးကအပြန်မှာ ဘိုရာကြီးရွထိပ် ဇရပ်နားမှာ သူနဲ့အတူနောက်ထပ် (၅) ဦးက လုပ်ကြံသတ်ဖြတ်ခဲ့တာလို့ ထွက်ဆိုထားတယ်လို့ သိရတယ်” ဟု ၎င်းက ဆက်ပြောသည်။
တင့်နိုင်ဝင်း (ခ) ဖြုနိုင် ဆိုသူအား လက်ရှိတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ၎င်းကဆိုသည်။
နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်အဆင့်ရှိသူ ဝင်းနိုင်မှာ ကျိုက်ထိုမြို့နယ်အတွင်း ကိုယ်ပိုင်လောင်းကစားဝိုင်းများပြုလုပ်သူ၊ ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်နေလူငယ်တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သူ၊ တရားမဝင်ကားမှောင်ခိုလုပ်ငန်းလုပ်ကိုင်သူ၊ စကစလက်အောက်ခံ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ နှင့် ပူးပေါင်းကာသောင်နုမြေ ဧက(၃၀၀)အား သိမ်းယူခြင်း နှင့် ရွာသားများထံမှ လယ်မြေများအား ခြိမ်းခြောက်ကာ ဈေးနှိမ်ဝယ်ယူသူ၊ ကျေးရွာများတွင် လျှပ်စစ်မီးဖြတ်တောက်ခြင်းနှင့် စကစအတွက် မီတာခများရရှိအောင်ဆောင်ရွက်ခဲ့သူ၊ ပြည်သူများအား လက်နက်အားကိုးဖြင့်ဖမ်းဆီးရိုက်နှက် ခြိမ်းခြောက်သူ၊ တက်ကြွလှုပ်ရှားသူများအား သတင်းပေးထောက်လှမ်းကာ ဖမ်းဆီးခိုင်းသူစသည့် နာမည်ဆိုးဖြင့်ကျော်ကြားသူ BGF ဗိုလ်ဝင်းစိုး နှင့် မယားငယ်တို့မောင်းနှင်လာသော အဖြူရောင် Mark -2 ကားအား ကော့ထင်းကျေးရွာနှင့် ဘိုရားကြီးကျေးရွာကြားရှိ တာဘောင်တံတားအရောက်တွင် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) နှင့် ဝေါ ပကဖ ပူးပေါင်းအဖွဲ့မှ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KRF ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုတိုက်ခိုက်အတွင်း ဗိုလ်ဝင်းစိုး နှင့် မယားငယ်တို့ (၂) ဦးလုံး ပွဲချင်းပြီးသေဆုံးခဲ့ကာ၊ သေဆုံးသူထံမှ သေနတ် (၂) လက်၊ ဖုန်း၊ BGF တပ်ဖွဲ့ဝင်စိစစ်ရေးကဒ်၊ မှတ်ပုံတင် နှင့် ယာဉ်မောင်းလိုင်စင်တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။