ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားအား လုံခြုံရေးယူထးသည့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များကို ဒရန်ုးဖြင့် ဗုံးချတိုက်ခိုက်သော်လည်း ထိခိုက်မှုမရှိဟု စစ်ကာင်စီတပ်ဖွဲ့ နှင့် နီးစပ်သူများက ဆိုသည်။
မိုင်းခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတားဘေးတွင် ပြုလုပ်ထားသည့် လမ်းလွဲမှ ယမန်နေ့နံနက်တွင် မော်တော်ယာဉ်များ စတင်ဖြတ်သန်းနိုင်ခဲ့ပြီးနောက် နံနက် (၉) နာရီ (၁၀) မိနစ်အချိန်ခန့်တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း စစ်ကေင်စီတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“ဒရုန်းနဲ့ ဗုံး (၃) လုံးချပြီး တိုက်ခိုက်သွားတာပါ။ ဒါပေမယ့် ဗုံး (၂) လုံးက ပီတီတီ စက်သုံးဆီ ဆိုင်အဟောင်းဝင်းထဲကို ကျသွားတယ်။ နောက်ထပ် (၁) လုံးက ဆီဆိုင်ဘေးက ရော်ဘာတောထဲကျသွားတယ်။ လူနဲ့ အဆောက်အဦး ထိခိုက်မှုမရှိခဲ့ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့ နံနက်စောပိုင်းအချိန်က အဆိုပါ ကျုံအိတ်တံတားအား လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီးနောက် ကျုံအိတ်တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ထို့နောက် မေလ (၁၃) ရက်နေ့ နံနက်ပို်ငးအချိန်ကလည်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတားအား ယာယီလမ်းလွဲပြုလုပ်ရန် မြေကြီးများတင်ဆောင်လာသော မြေသယ်ယာဉ်များ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရသေးသည်။
ပြီးခဲ့သည့် မေလ (၁၁) ရက် နံနက်အစောပိုင်းအချိန်က သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံတားအမှတ် (၁၃၂/၃) ကျုံအိတ်တံတားမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရာ ယခင်က မိုင်းခွဲခံရပြီး ကျန်ရစ်ခဲ့သည့် တံတားတစ်ခြမ်းနှင့် ဘေလီတံတားထိုးထားသည့် အခြမ်းပါပြိုကျပျက်စီးခဲ့သည်။