မွန်ပြည်နယ် မုဒုံမြို့၏ နေ့အပူချိန်မှာ မေလ (၁၂) ရက်က အမြင့်ဆုံးစံချိန်သစ်ထပ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
မုဒုံမြို့၏ ယခင်နေ့အပူချိန်စံချိန်ဟောင်းမှာ (၂၀၁၄) ခုနှစ် မေလ (၆) ရက်နေ့က ဖြစ်ပေါ်ခဲ့ကြောင်း နှင့် အမြင့်ဆုံးအပူချိန်မှာ (၃၉,၃) ဒီဂရီဆဲစီးယပ် ဖြစ်ကြောင်း သိရသည်။
မုဒုံမြို့တွင် မေလ (၁၂) ရက်က ဖြစ်ပေါ်ခဲ့သော နေ့အပူချိန်မှာ (၃၉.၈) ဒီဂရီဆဲစီးယပ်ဖြစ်ပြီး ၊ ယင်းအပူချိန်မှာ မုဒုံမြို့တွင် မိုးလေဝသစခန်း ဖွင့်လှစ်ခဲ့သည့် နှစ်ပေါင်း (၄၃) နှစ်အတွင်း အမြင့်ဆုံးနေ့အပူချိန် စံချိန်သစ်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ (၂၇) ရက်နေ့ကလည်း မုဒုံမြို့၏ အမြင့်ဆုံးအပူချိန်မှာ ၃၉ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ် အထိဖြစ်ပေါ်ခဲ့သေးကြောင်း သိရသည်။
နေ့တစ်နေ့၏ အမြင့်ဆုံးအပူချိန်ကို ညနေ (၃) နာရီခွဲ အချိန် နှင့် အနိမ့်ဆုံးအပူချိန်ကို နံနက် (၆) နာရီခွဲအချိန်န်တွင် တိုင်းတာခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာ၏ ထုတ်ပြန်ချက်များအရ သိရသည်။