ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင် ပိုင်ရှင်ဖြစ်သည့် ဦးနိုင်နှင့် ကိုမွန်ကြီးတို့နှစ်ဦး မှာ ယနေ့ မေလ (၁၄) ရက်နေ့ မွန်းလွဲပိုင်းအချိန်က သေနတ်နှင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယွန်းဒလင်းကုန်းကျေးရွာရှိ အောင်ပြည့်စုံ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်ဖြစ်သူ ဦးနိုင် ဆိုသူအား ယနေ့မွန်းလွဲ (၁၂) နာရီ (၄၅) မိနစ်အချိန်ခန့်က အမည်မသိသေနတ်သမား နှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ပစ်ခတ်သွားခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။
၄င်းက “အဲ့ဒီအချိန်မှာ ဇုတ်သုတ်နဲ့ ဇုတ်ကလိရွာကြားမှာရှိတဲ့ဆီဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ကိုမွန်ကြီ ဆိုသူကလည်း ရှိနေတော့ သူ့ကိုပစ်သတ်သွားတာလို့ သိရတယ်” ဟု ဆိုသည်။
ပစ်ခတ်မှုများကြာင့် ဦနိုင် ဆိုသူမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း နှင်း ကိုမွန်ကြီး ဆိုသူမှာလည်း ဘီလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။
ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့က မဘ်သည့်အကြောင်းကြောင့် ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။
ပြီးခဲ့သည့် မေလ (၅) ရက်က ရေးမြို့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ နယ်ထိန်းအာင်သူ ဆိုသူအား ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ရှင်းလင်မှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။