ရေးမြောက်ပိုင်း ကုလားဂုတ်ကျွန်းပေါ်ရှိ စက်လှေများအားလုံး ပင်လယ်ထဲညမထွက်ရဟု စစ်ကောင်စီရေတပ်မှ မေလ (၅) ရက်နေ့က အမိန့်ထုတ်ပြန်၍ သွားလာမှုများကန့်သတ်ထားကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
ကုလားဂုတ်ကျွန်းမှ ကျားပါးစပ်လုပ်ငန်းရှင်တစ်ဦးက” တိုက်ပွဲဖြစ်ပြီးနောက်တစ်ရက်မှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ လှေများညမထွက်ရဆိုပြီး ရေတပ်ကအမိန့်ထုတ်လာတယ်၊ နောက်ရက်ကျပြန်တော့ နေ့ဘက်လှေတွေ ဘယ်သွားသွား သွားရင်သဘေႅာတွေဆီကို သတင်းပို့ရတယ် ခရီးနှောင့်နှေးတယ် မှတ်ပုံကို သူတို့စစ်ဆေးတယ် ငါဖမ်းလှေတွေ ပင်လယ်ထွက်ချိန်အရမ်းနောက်ကျတယ် ပင်လယ်ထွက်တိုင်း စစ်သဘေႅာ ၂ စီးဆီကို သွားသတင်း ပေးရတယ်”ဟု ဆိုသည်။
မေလ(၈) ရက်နေ့တွင် ကုလားဂုတ်ကျွန်းပေါ်မှ ငါးဖမ်းစက်လှေသမားအားလုံးကို စစ်တပ်က အစည်းအဝေး ခေါ်ကြောင်း၊ ငါးဖမ်းလှေပိုင်ရှင်နှင့် အလုပ်သမားများကို မှတ်ပုံတင်စစ်ဆေးခဲ့ကြောင်း၊ ကျွန်း၏အနီးအနားပတ်လည်တွင် စစ်ဘေႅာကြီးတစ်စင်းနှင့် အရန်သဘေႅာငယ် (၃) စီးတို့ ယခုအခါလှုပ်ရှားလျှက်ရှိကြောင်း ၄င်းကဆက်ပြောသည်။
ကျားပါးစပ်ငါးဖမ်းလုပ်သားတစ်ဦးက “အမြှောက်တပ်စခန်းကို လာတိုက်သွားတဲ့အဖွဲ့ဟာ အရင်က ကုလားဂုတ်မှာ အလုပ်လာလုပ်ကိုင်ခဲ့ဘူးတဲ့ ရွှေ့ပြောင်းလုပ်သားတွေပါတယ်လို့ ရေတပ်က ယူဆနေတယ်၊ ကျွန်းရဲ့ ရေတက်ရေကျရယ်အချိန်အခါရယ်၊ ဝင်ထွက်သွားလာတဲ့လမ်းကြောင်းတွေရယ် အပြင်လူလုံးဝမဖြစ်နိုင်ဘူးတဲ့၊ ဒါကြောင့် ကျနော်တို့ကို မှတ်ပုံတင်သေသေချာချာကြည့်ပြီး စစ်ဆေးပါတယ်” ဟု ဆိုသည်။
မော့ကနင်နှင့် နှစ်ကရင်အကြားရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဂိတ်များ၌ ပါဝင်လှုပ်ရှားလျှက်ရှိသော PDF တပ်ဖွဲ့တွင် ကုလားဂုတ်ကျွန်းမှ ရွှေ့ပြောင်းလုပ်သားဟောင်းများကို မြင်တွေ့ခဲ့ရကြောင်း ငါးခြောက်ကုန်သည် တစ်ဦးက ဆိုသည်။
၄င်းက “အလုပ်ရှင်ဖိနှိပ်လို့ PDF ထဲရောက်သွားတာရော အလုပ်ရှင်ဆီက စရံငွေယူပြီး အကြွေးတင်၊ ပြန်မလျော်နိုင်လို ထွက်ပြေးတာတွေရော စုံလို့ပါပဲ၊ ကနင်ကမော့ဂိတ်နဲ့ လိမ္မော်ခြံဂိတ်တွေက PDF တွေဟာ ကုလားဂုတ်မှာနေခဲ့ဘူးတဲ့ အညာ၊ ဧရာဝတီ၊ ပဲခူးဘက်ကလူတွေချည်းဘဲ” ဟု ဆိုသည်။
ယခုအခါ ညအချိန်များတွင် လှေများသွားလာခွင့်မရသဖြင့် ကုလားဂုတ်ငါးဖမ်းလုပ်ငန်းမှာ တွက်ခြေမကိုက်ဖြစ်လာပြီး မကြာခင် ရပ်နားရမည့်အခြေအနေရှိကြောင်း ငါးဖမ်းလှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ကုလားဂုတ်ကျွန်းပေါ်ရှိ ၁၅၅ ဟောင်စစ်ဇာအမြှောက်တပ်စခန်းကို တပင်ရွှေထီး PDF အဖွဲ့က ပြီးခဲ့သည့် မေလ ၂ ရက် ညပိုင်းမှ ၃ ရက်နေ့မနက်အထိ ဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးခန့်သေဆုံးခဲ့သည်ဟု ဆိုကြောင်း၊ ၂ ဦး ဖမ်းဆီးမိသည်ကို ဗီဒီယိုမှတွေ့မြင်ရကြောင်း၊ လက်နက်ခဲယမ်းအများအပြားသိမ်းရပြီး အမြှောက်ကြီး၏ အရေးကြီးသောအစိတ်အပိုင်းအချို့ကို ဖြုတ်ယူခဲ့ကြောင်း သိရသည်။