ယမန်နေ့ မေလ (၇) ရက် ညနေ (၄) နာရီခွဲအချိန်ခန့်က မော်လမြိုင်မြို့ မုပွန်ရပ်ကွက်၊ အိုးရုံလမ်းရှိ နေအိမ်ရှေ့တွင် အပူရှိန်ပြင်းထန်မှုကြောင့် သက်လတ်ပိုင်းအမျိုးသားတစ်ဦး သတိလစ်လဲကျကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ကယ်ဆယ်ရေးသမားတစ်ဦးက “ဆရာဝန်နဲ့ စစ်ဆေးကြည့်တော့ အသက်သေဆုံးနေပြီးဖြစ်တာကို သိရတယ်။ Dead Body ကိုတော့ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ (၄) ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်ခန့်ကလည်း သထုံမြို့၊ မြသပိတ်တောင်တက်လမ်းတွင် အသက် (၁၉) နှစ်အရွယ်လူငယ်တစ်ဦးမှာလည်း အပူရှိန်မြင့်မားသည့်အတွက်ကြောင့် ရေငတ်ကာ သတိလစ်မေ့မျောသွားရာမှ အသက်သေဆုံးသည်အထိဖြစ်ပွားခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။