ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးအတွက် နယ်စပ်ကုန်သွယ် ရေးနည်းလမ်း (Border Trade Method) အသစ်တစ်ခုအဖြစ် မြန်မာ ထိုင်းနယ်စပ်ကုန်သွယ်ရေး (ရန်ကုန် -ကော့သောင်း-ရနောင်း)နှင့် (ရနောင်း-ကော့သောင်း-ရန်ကုန်) ကို ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှု ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်တွင် ကျေညာချက်ထုတ်ပြန်ခဲ့သည်။
သို့ဖြစ်ပါ၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်တင်ပို့ခြင်းကို ရန်ကုန်- ကော့သောင်း-ရနောင်းနှင့် သွင်းကုန်တင်သွင်းခြင်းကို ရနောင်း ကော့သောင်း-ရန်ကုန်မှ နယ်စပ် ကုန်သွယ်ရေးနည်းလမ်း(Border Trade Method)ဖြင့် ဆောင်ရွက်ခြင်းအတွက် သက်ဆိုင်ရာ ဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးတွဲပါစံပြုလုပ်ငန်းစဉ် (SOPs)များအတိုင်း လိုက်နာ ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည်။