ဒေါက်တာမင်းတင်မွန်
“မွန်မြန်မာစာပေပေါင်းကူး” မှ ကောက်နုတ်ဖော်ပြသည်။
မြန်မာစာပေတွင်ရော မွန်စာပေတွင်ပါ ထင်ရှားသော ရိုးရာကဗျာအချို့အကြောင်းကို အနည်းငယ်တင်ပြလိုပါသည်။ ရန်ကုန်တက္ကသိုလ်မြန်မာစာကတိက ဦးစောထွန်း ၏လမ်းညွှန်မှုအရ၊ မြန်မာနိုင်ငံသုတေသနအဖွဲ့ ဂျာနယ်များကို လှန်လှောမိရာ ၁၉၁၄ ခုနှစ်ထုတ်ဂျာနယ်အမှတ် ၂ ၌ မြန်မာ့ရိုးရာကဗျာတစ်ပုဒ် နှင့်မွန်ရိုးရာကဗျာတစ်ပုဒ်တို့ကို နှိုင်းယှဉ်ပြသထားသည်ကို တွေ့ရပါသည်၊
ကဗျာအကြောင်းအရာမှာ ကျွန်တော်တို့ကောင်းစွာ နှုတ်ကျိုးနေသော “ပေါက်ပင်ဘာပြုလို့ကိုင်းရတယ်” အကြောင်းဖြစ်ပါသည်၊ ထိုကဗျာနှစ်ပုဒ်ကိုသုတေသနဂျာနယ်တွင် မစ္စကီးဝပ်တင်ပြထားသည့်အတိုင်း အောက်တွင်ဖေါ်ပြလိုက်ပါသည်-
မြန်မာမူ
-ပေါက်ပင်ဘာပြုလို့ ကိုင်းရတယ်၊
-ဗျိုင်းနားလို့ ကိုင်းရတယ်၊
-ဗျိုင်းဘာပြုလို့ နားရတယ်၊
-ငါးပေါ်လို့ နားရတယ်၊
-ငါးဘာပြုလို့ ပေါ်ရတယ်၊
-ကျွဲလူးလို့ ပေါ်ရတယ်၊
-ကျွဲဘာပြုလို့ လူးရတယ်၊
-ဖြုတ်ကိုက်လို့ လူးရတယ်၊
-ဖြုတ်ဘာပြုလို့ကိုက်ရတယ်၊
-မိုဃ်းရွာလို့ ကိုက်ရတယ်၊
-မိုဃ်းဘာပြုလို့ ရွာရတယ်၊
ဖါးအော်လို့ ရွာရတယ်၊
ဖါးဘာပြုလို့ အော်ရတယ်၊
မြွေကိုက်လို့ အော်ရတယ်၊
မြွေဘာပြုလို့ ကိုက်ရတယ်၊
ငါ့ဝမ်းပူဆာ မနေသာလို့ ကိုက်ရတယ်။
မွန်မူ
-ဆုဆုမူပ ဗော်တ္ရံက်၊
-အဲဍိက်ပံက်ဍုန်။
-ပံက်ပံက် မူပဗေဟ်ဍုန်၊
အဲဍိက် ကျောဝ်က။
က က မူပဗေဟ်မံက်၊
အဲဍိက် ပြေင်လုဲ။
ပြေင်ပြေင် မူပဗေဟ်လုဲ၊
အဲဍိက် ဂမာတက်။
ဂမာ ဂမာ မူပဗေဟ်တက်၊
အဲဍိက် ဗျဵုပုင်။
ပုင်ပုင် မူပဗေဟ်ဟွံတၞမ်၊
အဲဍိက် ပၟတ်ဟွံဂဵု။
ပၟတ်ပၟတ် မုပဗေဟ်ဟွံဂဵု၊
အဲဍိက် အောဟ်က္ဍေက်။
အောဟ်အောဟ် မုပဗေဟ်က္ဍေက်၊
အဲဍိက် ဗြဲဂူ။
ဗွဲဗွဲ မုပဗျှဂေူ၊
အဲဍိက် င္ရဴကော်။
င်ရူင်ရူ မုပဗျှကျော၊
အဲဍိက် ထင်ဍာ်။
ကောန်င္ရာ်ထင်ဍာ် ဍာ်ပလိုင်ဇြဲ သုင်ဟွံဖဲဟာ…….
မှတ်ချက်။ မြန်မာမူတွင် အကြောင်းအကျိုးဆက်သွယ်မှု (၈)စုံရှိပြီး မွန်မူတွင် (၁ဝ) စုံရှိပါသည်။
ယင်းကဗျာ နှစ်ပုဒ်အနက် မည်သည်က မူရင်းဖြစ်သည်၊ မည်သည့်ခေတ်လောက်တွင် စပ်ဆိုသည် စသည်တို့ကို မစ္စစတီးဝပ်က ဝေဖန်ခြင်းမပြုပါ၊ ကျွန်တော်က ဆက်တွေးကြည့်မိပါသည်၊ မြန်မာမူတွင် အကြောင်းအကျိုးဆက် သွယ်မှုမှာ ဆီလျော်သလို ဆို၍ကောင်းပါသည်၊ သို့ရာတွင် မြန်မာမူတွင် အကြောင်းအကျိုးဆက်သွယ်မှု (၈)စုံရှိပြီး မွန် မူတွင်(၁ဝ)စုံရှိသည် ၊ ဖွဲ့ဆိုဟန်တွင်လည်း မြန်မာမူက ဆို ကောင်းရန်အတွက် ကိုသာဦးတည်ထားဟန်ရှိပြီး မွန်မူကမူ ကလေးများ အတိုင်အဖောက်ရွှင်မြူးစွာ ရွတ်ဆိုနိုင်အောင်ဖွဲ့ဆိုထားသည်၊ မွန်မူ၏ အဆုံးသတ်ပုံ “ရွှေစွန်ညိုဘာလို့ဝဲတယ်” အစချီသော ရိုးရာကစားနည်း၏ အဆုံးသတ်ပုံမျိုး ဖြစ်သည်၊ သို့အတွက် မွန်မူသည် ကလေးများပျော်ရွှင်စွာ ကစားနိုင်ရန် စပ်ဆိုထားသော ကဗျာတစ်ပုဒ်ဖြစ်သည်။
မွန်မူ၏ အကြောင်းအကျိုးဆက်စပ်ထားပုံနှင့် စပ်ဆိုထားပုံကို မြန်မာမူနှင့်နှိုင်းယှဉ်နိုင်ရန် ကျွန်တော်ဘာသာပြန် ဆိုပြပါမည် ။
“သစ်ပင် သင် ဘာပြုလို့ကိုင်းရတယ်၊ ကျွန်တော် မျိုးဗျိုင်းနားလို့ကိုင်းရတယ်။
ဗျိုင်းဗျိုင်း သင်ဘာပြုလို့နားရတယ်၊ ကျွန်တော်မျိုး ငါးကြည့်လို့ နားရတယ်။
ငါးငါး သင်ဘာပြုလို့ပေါ်ရတယ်၊ ကျွန်တော်မျိုး ကျွဲလူးလို့ ပေါ်ရတယ်။
ကျွဲကျွဲ သင်ဘာပြုလို့လူးရတယ်၊ ကျွန်တော်မျိုး ကျွဲထိန်းရိုက်လို့ လူးရတယ်။
အထိန်းအထိန်း သင်ဘာပြုလို့ရိုက်ရတယ်၊ ကျွန်တော်မျိုး ထမင်းဆာလို့ ရိုက်ရတယ်။
ထမင်းထမင်း သင်ဘာပြုလို့ မနပ်ရတယ်၊ ကျွန်တော်မျိုး ထင်းစိုလို့ မနပ်ရတယ်။
ထင်းထင်း သင်ဘာပြုလို့ စိုရတယ်၊ ကျွန်တော်မျိုး မိုးရွာလို့ စိုရတယ်။
မိုးမိုး သင်ဘာပြုလို့ ရွာရတယ်၊ ကျွန်တော်မျိုးဖါး အော်လို့ရွာရတယ်။
ဖား ဖား သင်ဘာပြုလို့ အော်ရတယ်၊ ကျွန်တော်မျိုး ရေဆာလို့ အော်ရတယ်။
ဟဲ့ ဖား ငမိုက်သား ညောင်တွင်း ရေအလွန်များ သင်သောက်လို့ကုန်မလား…..
ကလေးကစားနည်း ကဗျာအဖြစ် ဖွဲ့ဆိုသည်ဆိုလျှင် မြန်မာမူလည်း မဆုံးသေးသောကဗျာဟုဆိုရပေမည်၊ ထို့ပြင် ကျွဲကျောင်းသားကို ယခုခေတ်တွင် “ပၟင်ပြေင်” ဟုခေါ်ဆို ကြသည်၊ ကဗျာတွင် “ဂမာပြေင်” ဟု ခေါ်ထားသည်မှာအလယ်ခေတ် အသုံးအနှုန်းမျိုးဟု ယူဆရသည်၊ ဖားငမိုက်သားကို “င္ရဴအဗာက်” ဟု ခေါ်ဆိုထားသည်မှာလည်း အလယ်ခေတ်က အသုံးဟုပင် ဆိုချင်ပါသည်။
အထက်ပါဆွေးနွေးချက်ကိုခြုံငုံ စဉ်းစားသော် မွန်ကဗျာက မူရင်းဖြစ်မည်ဟု ယုံကြည်ရပါသည်။ ဤကဗျာနည်းတူ ကလေးများက “ညောင်ပင် တစ္ဆေဝေလေလေ” ကို မြန်မာဘာသာဖြင့် ကစားကြသလို မွန်ဘာသာဖြင့်လည်း ကစားကြပါသည်၊ ကျွန်တော်တို့ ငယ်စဉ်က နှစ်သက်စွာ ကစားခဲ့ရသော မွန်ကဗျာသည် မြန်မာကဗျာနှင့် အဓိပ္ပါယ်ရော ရွတ်ပုံရော ဆင်တူနေပါသည်။
မြန်မာမှု
ညောင်ပင်တစ္ဆေ-ဝေလေလေ
သင်ဘယ်ကိုင်းမှာနေ- ညောင်ကိုင်းမှာနေ
သင်ဘာရေသောက်- ညောင်ရေသောက်
သင်ဘာသီးစား-ညောင်သီးစား
အထဲလား-အပြင်လား။
မွန်မှု
အဵု ကလော်ဇြဲ- အဴ
အလိုဗေဟ်နွံမံင်- မံင်တၞံဇြဲ
မုသတ်ဗေဟ်စ- စသတ်ဇြဲ
မုဍာ်ဗေဟ်သုင်- သုင်ဍာ်ဇြဲ
မံငပျြဍဲ-မံငမျြရး (ပျဍဲ / မျရး )
အထက်ပါ ရိုးရာကဗျာများကို ဆန်းစစ်လျှင် မွန်မြန်မာစာပေ ပေါင်းကူးခြင်းသည် ကျွန်တော်တို့သိရှိနားလည် ထားသည်ထက် များစွာပို၍ကျယ်ဝန်းနေသည်ကို ခန့်မှန်းနိုင်ပါသည်။
စကားတောင်းစား ပုံပြင်များအကြောင်းကို အနည်းငယ် တင်ဆက်လိုပါသည်၊ စကားတောင်းစား ကိုမွန်ဘာသာ ဖြင့် ဒံက်ခေဝ် (ဒေါက်ခဲ ) ဟုခေါ်ပါသည်၊ ပြော၍ မကုန်နိုင်အောင် နားထောင်၍ မဝနိုင်အောင် ရှည်လျားထူးထွေသည့်ပုံပြင်များ(ဝါ) ဒေါက်ခဲ၏စွန့်စားခန်းများဖြစ်ပါသည်၊ မြန်မာတို့က စကားတောင်းစား ပုံဝတ္ထုများသည် မြန်မာတို့၏ မူရင်းဖြစ်သည်ဟု ထင်ကြပေသည်၊ ကျွန်တော်ကမထင်ပါ၊ ကျွန်တော်အမေရိကန်နိုင်ငံတွင် ပညာသင်နေစဉ်အခါက ကမ္ဘောဒီးယား ကျောင်းသားတစ်ဦးနှင့် ခင်မင်ရင်းနှီးခဲ့ရာမှ သူတို့နိုင်ငံ၌လည်း ဒေါက်ခဲ၏ အကြောင်းကျော်ကြားလျက်ရှိကြောင်းကို သိရှိရပါသည်၊
ကမ္ဘောဒီးယားလူမျိုးမှာ ခမာလူမျိုးဖြစ်၍ မွန်ခမာအနွယ်ဝင်ဖြစ်သည်၊ မွန်နှင့် မာဘာသာ စကားချင်း ဆင်တူသည်၊ ယခုမွန်တွင်ရော ခမာတွင်ပါ – ဒေါက်ခဲအကြောင်းရှိနေသည်ကို ထောက်ရှုလျှင်အလွန်ရှေး ကျသောအခါကပင် ဒေါက်ခဲပုံပြင်များကို မွန်ခမာလူမျိုးတို့ ပြောဆိုခဲ့ကြပေမည်၊ သို့အတွက် မြန်မာစကားတောင်းစား ပုံပြင်များသည် မွန်ဒေါက်ခဲပုံပြင်များမှတစ်ဆင့် ကူးသန်းသွားသော ပုံပြင်များဖြစ်သည်ဟု ကျွန်တော်ယူဆပါသည်။
*အလျှင်းသင့်သလို ဆက်လက်ဖော်ပြသွားပါမည်။