နိုင်ပန်းလှ
မွန်လူမျိုးတို၏မူလအစဒေသကား အဘယ်နည်းဟု မေးပါက တရုပ်ပြည်တောင်ပိုင်း ယန်စီကျန်မြစ်ဝှမ်းဟု ဖြေ ရပါမည်၊ (ကျန်)ဟူသောတရုပ်စကားသည်မြစ်ဟု အဓိပ္ပါယ် ရသည်၊ တရုပ်ပြည်မြောက်ပိုင်းတွင် မြစ်ကို ကျန် ဟုမခေါ်ပါ (ဟို) ဟု ခေါ်ပါသည်၊ ကျန်ဟူသောစကားကို ရှေးခေတ်အ ခါက ကြန်(ကရန်-အယ်ဒီတာ) ဟူ၍ ရ ကောက်အသံဖြင့် ခေါ်တတ်သည်ဟု တရုပ် ဘာသာဗေဒ ပါမောက္ခတဦးက ၁၉၆၆ ခုနှစ်တွင်(ဂျေအာရ် အေအက်စ်) ဂျာနယ်၌ အကျယ်တဝင့်ရေးသားဖေါ်ပြခဲ့ပါသည်။
ကျန် (ဝါ) ကြန်ဟူသည်မှာ မွန်ခမာစကား “ကြုင်” နှင့်အတူတူပင်ဖြစ်ပါသည်၊ “ကြုင်နေရဉ္စရာ” “ကြုင်အနောမာ” စသည် ဖြင့် မွန်စာပေများတွင် ရေးသားသုံးနှုန်းခဲ့ပါသည်၊ “ ကြုင်”ဟူ သည် မြစ်ဟု အနက်အဓိပ္ပါယ်ဆောင်ပါသည်၊ ယခုခေတ် စကားတွင် ချောင်းဟု အနက်ပြောင်းလာခဲ့ပါသည်၊ လွီ (ဝါ) စီ ဟူသည်မှာ ယခုခေတ်တွင် မြစ်ဟုသာသိကြပါသည်၊ အ မှန်မှာ လွီ(ဝါ) စီ ဟူသည်မှာ ပင်လယ်သမုဒ္ဒရာဟု အနက် ရပါသည်၊ မှာသမိတ် ဟူသည်မှာ မွန်စကားမဟုတ်ပါ၊ ပါဠိ သက္ကတ စကား မဟာသမုဒ္ဒရာမှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။
သိုဖြစ်ရာ မွန်စကားဖြစ်ကြောင်း ထင်ရှားသဖြင့်- ယန်စီကျန် မြစ်ဝှမ်းတလျှောက် မွန်စကားပြောဆိုသော ရှေးခေတ်မွန်လူမျိုးတို့၏ အချက်အခြာမူလဒေသဖြစ်ကြောင်း ပေါ်လွင်ပါသည် ဥပမာ- မြန်မာနိူင်ငံတွင် ဖျာပုံ၊ ကျိုက်လတ် စသည့် ဒေသများသည် မူလက မွန်စကားပြောဆိုသော မွန်လူမျိုးတို့ နေထိုင်ခဲ့သည့်နည်းပင် ဖြစ်ပါသည်၊ ယခုယင်းဒေသတိုတွင် မွန်စကားပြောဆိုသူများ လုံးဝမရှိတော့ပါ၊ မွန်စကားပြော ဆိုသောလူမျိုးများသည် ယန်စီကျန်မြစ်ဝှမ်း တလျောက်မှာ ရှေးအတီတေကာလက နေထိုင်ခဲ့ရာမှ တရုပ်စကားပြောဆို သော တရုတ်လူမျိုးတို့၏ ဖိအားကြောင့် အရှေတောင်အာရှပင် လယ်ကမ်းနားအသီးသီးရှိ မြေဩဇာကောင်းမွန်သော လွင် ပြင်များသို့ တဖြေးဖြေးပြန်နှံ့ခဲ့ကြပါသည်၊ ယင်းသို့ပြန်နှံ ခဲ့ရာတွင် ယခုယိုးဒယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ရှေးကနဦး ကပင် မွန်လူမျိုးများသည် ဗွေဆော်ဦး ဆိုက်ရောက်ကာ စပါး စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးနေထိုင်ခဲ့ကြပါသည်။
ယိုးဒယားစကားပြောဆိုသော ထိုင်းလူမျိုးများသည် အေဒီ ၁၃ ရာစုအတွင်းကမှ ယိုးဒယားနိူင်ငံတွင် ဆိုက်ရောက်လာ ခြင်းဖြစ်ပါသည်၊ ထိုခေတ်မတိုင်မီက ယိုးဒယားနိုင်ငံတွင် မွန်စကားပြောဆိုသော မွန်လူမျိုးများ နေထိုင်ခဲ့ပါသည်၊ အေဒီ ၅ ရာစုအတွင်းက ဒွါရဝတီနိုင်ငံကို စတင်တည်ထောင် နိူင်ခဲ့ပါသည်၊ ပရပထုံ(ဝါ) နခုံပထုံ၊ လော့ပူရီ၊ လန်ဖွန် ခေါ် ဟာရီဗုဉ္စတိုသည် မွန်တို၏ရှေးဟောင်းဌာနေ မြိုကြီး များဖြစ်ကြောင်းကို ထိုအရပ်တို၌ တွေရှိသော မွန်ရှေးဟောင်း ကျောက်စာများက သက်သေခံလျက်ရှိပါသည်။
ခရာဇ်နှစ် ၆ ရာစုမှ ၁ဝ ရာစုအတွင်းက ထွန်းကား ခဲ့သော မွန်ရှေးဟောင်းအနုပညာပစ္စည်းများနှင့် မွန်ဘာသာ ကျောက်စာများသာမက ရှေးခေတ်မွန်စကား ပြောဆိုသူများ လည်းရှိပါသေးသည်၊ ၁၉၈ဝ ခုနှစ် ဒီဇင်ဘာလအတွင်းက ကျွန်တော်၏ မိတ်ဆွေတဦးဖြစ်သော ပြင်သစ်ပါမောက္ခ ဒေါက်တာ ဒစ်ဖလွတ် ( GERARD. DIFFLOTH) သည် ရန်ကုန်မြိုသိုခေတ္တအလည် ရောက်ရှိလာပြီး ယင်းရှေးခေတ် မွန်များအကြောင်းကိုပြောပြ၍ သိရခြင်း ဖြစ်ပါသည်။
သူသည် အမေရိကန်နိူင်ငံချီကာဂို တက္ကသိုလ်၌ ဘာသာဗေဒပါမောက္ခ တဦး ဖြစ်ပါသည်၊ မွန်ခမာဘာသာအနွယ် တခုဖြစ်သော “လဝ” စကားကို နှံ့နှံ့စပ်စပ် လေ့လာခဲ့သူ ဖြစ်သည်၊ သိုဖြစ်၍ ယိုးဒယားပြည်အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ ကိုရပ် ကုန်းပြင်မြင့် ( KORAT. PLATEAU) မြို့ နေထိုင်သော ချောင်ဗွန် လူမျိုးစုစကားကို တနှစ်မျှ လေ့လာရန ်တာဝန်ယူ ခဲ့လေသည်၊ ယိုးဒယားတို့က ချောင်ဗွန်( CHAOBON) ဟု ခေါ်သော လူမျိုးစုသည် ယခုအခါ လူဦးရေ သုံးထောင်ခန့်သာ ရှိပါသည်၊ ရွာငယ်(၂၅) ရွာတို့၌ တောင်ယာခုတ်၍ နေထိုင် ကြပါသည်၊ ၄င်းတိုအား ချောင်ဗွန်ဟု ယိုးဒယားတိုကခေါ် သော်လည်း သူတိုက သူတို့ အား ညေးဂူ( ညးဂူ )ဟုသာ ခေါ်ကြပါသည်။
ရှေးအခါက ချောင်ဗွန်ခေါ်(ညးဂူ) လူမျိုးစုအား “လဝ” အစုဝင် မွန်ခမာစကားပြောဆိုသော လူမျိုးစုဟုဘာသာဗေဒ ပညာရှင်များ ယူဆခဲ့ကြပါသည်။ ထိုကြောင့် “လဝ” စကားအနွယ်ဝင်များကို လေ့လာသော ပါမောက္ခ ဒစ်ဖလွတ် သည် ယိုးဒယားပြည်သို့ လာရောက်ပြီး သူတို့၏ဘာသာစကားကို လေ့လာခြင်းဖြစ်ပါသည်၊ သူသည် ယိုးဒယားပြည် ကိုရပ် ကုန်းမြင့်သို့ သွားရောက်ပြီး ချောင်ဗွန်ခေါ် ညေးဂူ တို၏ ဓလေ့ထုံးစံနှင့် စကားဝေါဟာရများကို ဘာသာဗေဒ နှင့် သတ္တဗေဒနည်းဖြင့် မှတ်သားသောအခါ ညေးဂူဘာသာစကား သည် လဝ အနွယ်ဝင်စကားမဟုတ်ပဲ ရှေးမွန်စကားစစ်စစ် ဖြစ်နေကြောင်း သိရှိခဲ့ပါသည်။
ညေးဂူဟူသည်မှာလည်း ညးဂူ ဟူသောမွန်စကားဖြစ်ပါသည်၊ ခြံဥယျာဉ်လုပ်စားသူတောင် သူများဟုအနက်ရပါသည်၊ ထူးခြားသည်မှာ ချောင်ဗွန် ခေါ် ညေးဂူလူမျိုးစုတိုသည် ရှေးခေတ်မွန်စကားစစ်စစ်ကို ပြော ဆိုကြသော်လည်း မိမိကိုယ်ကို မွန်လူမျိုးမှန်း မသိကြခြင်း ပင်ဖြစ်သည်၊ ၄င်းတို၏စကားသံများသည် ယခုခေတ်မွန် စကားနှင့်များစွာ ခြားနားကြပြီး ရှေးပုဂံခေတ်က မြန်မာ ဘုရင်ကျန်စစ်သားမင်းရေးထိုးခဲ့သော ကျောက်စာနှင့်မင်စာ များရ ှိမွန်ဝေါဟာရများနှင့် နှိုင်းယှဉ်လျင် အလွန်နီးစပ်တူ ညီနေကြောင်း သိရှိရပါသည်။
ပုဂံခေတ်တွင် လေ-ကို-ကျာလ်၊ ပေးသည်ကို ကိလ်၊ ကာလကို ကာလ်၊ နားသည်ကို ဇူလ်။ စသည်ဖြင့် လ- သတ်-လ်- အသံရှိသလို ရှေးခေတ်မွန်စကားကို ပြောဆို နေသေးသော ချောင်ဗွန်ခေါ် ညေးဂူဟို၏ စကား၌ လ်-အသံ ရှိပါသည်။
ထိုနည်းတူ စ်သည်၊ ရ်၏သိ။ အသံများကို ပုဂံခေတ် မွန်ကျောက်စာနည်းတူ၊ သူတိုသည် ယနေအထိ အင်္ဂလိပ် စကားသံများကဲ့သို့ ( c, ny, r, s.) လေသံများ ထုတ်၍ပြော ဆိုနေကြသည်မှာ ထူးဆန်းအံ့သြဖွယ်တရပ် ဖြစ်လေသည်။
ဤအချက်နှင့်ပတ်သက်၍ ကျွန်တော်သည် အတိတ် ကာလအဖြစ်အပျက် တစ်ခုကို သတိရလျက်ရှိသေးသည်။ ၁၉၄၆ ခုနှစ်တွင် ကျွန်တော်သည် ရန်ကုန်မြို့၌ ပါမောက္ခ လုစ် ထံမှ ခေတ်မွန်ကျောက်စာများကို စတင်သင်ကြားပါ သည်၊ ဆရာကြီးသည် မွန်ကျောက်စာကို အင်္ဂလိပ်အသံဖြင့် ဖတ်ကြားသဖြင့် ကျွန်တော် ပြုံးမိပါသည်၊ ဥပမာ- ဗောဓိသတ်ဒသ်သိုင် ဟူသော ရှေးမွန်စာကို သူက ဒသ် (DAS) ဟု (S) အသံဖြင့် ဖတ်သည်၊ အခြားအလာ တူ ရ် (r ) လ် (i)များကိုလည်း အသတ်ဗျည်းအသံများဖြင့် ဖတ်ပါသည်။ ကျွန်တော်စိတ်ထဲက ဒီအင်္ဂလိပ်ဆရာကြီး မွန်စကားကိုအင်္ဂလိပ်အသံဖြင့် ဖတ်နေတာပဲ’ ဟု အထင်မှားမိ ပါသည်။
ယခုအခါ ယိုးဒယားပြည် ကိုရပ်ကုန်းပြင်မြင့် တဝိုက်ရွာငယ် ၂၅ ရွာတို့၌ နေထိုင်ကြသော ရှေးခေတ်မွန်စကားကို ပြောဆိုနေသော ရှေးမွန်များရှိသေးကြောင်းနှင့် သူတို့၏စကားတွင် အင်္ဂလိပ်အသံကဲ့သို့ နောက်ဆုံးအသတ် ဗျည်းသံဖြင့် အထက်ဖေါ်ပြပါအတိုင်း ပြောဆိုနေသေးကြောင်း သိရှိရမှသာ ပါမောက္ခလုစ်သည် ရှေးပုဂံခေတ် မွန်စာကို အင်္ဂလိပ်အသံကဲ့သို ဖတ်ခဲ့ခြင်းသည် အလွန်မှန်ကန်သောအ ချက်ဖြစ်ကြောင်း ကျွန်တော်ဝန်ခံ မိတော့သည်၊ ရှေးခေတ် မွန်စကားသည် ယခုခေတ်မွန်စကားများနှင့် များစွာခြားနား နေပါတကား။ ရှေးခေတ်မွန်စကားအချို့တို့သည် ယခုခေတ် မွန်စကားတွင် မရှိတော့ပါ။
ဥပမာ ညီ၊ ညီမဟူသော စကားက ိုရှေးခေတ် ကျောက် စာတွင် ကုံစီ ဟုရေးသည်။ ယိုးဒယားပြည်ရှိ ရှေးအကျဆုံး မွန်စကားတွင်လည်း ကုံစီဟု ပြောဆိုသေးသည်။ ခေတ်မွန် တွင် ကုံစီ ဟူ၍မရှိတော့ပါ၊ ယင်းအစား “ဒေံ” ဟူသော စကားလုံးအသစ်ဖြင့် အစားထိုးလာသည်။ အလားတူများစွာ ရှိသေးသည်၊ ယိုးဒယားနိုင်ငံတွင် မြန်မာနိုင်ငံမ ှ ရှေ နှစ်ပေါင်း နှစ်ရာကျော်က ပြောင်းရွှေနေထိုင်သော ခေတ်မှ လူမျိုးများစွာရှိပါသည်၊ သို့သော် ကိုရပ်ကုန်းပြင်မြင့်၌ အထီး တည်း နေထိုင်ကြသော ရှေးခေတ်ဒွါရဝတီ မွန်လူမျိုး (ချောင်ဗွန်ခေါ် ညေးဂူ) လူမျိုးစုတို့သည် အချင်းချင်းတွေဆုံ ခြင်း မရှိကြပေ။
ထိုပြင် ယိုးဒယားစကားပြောဆိုသော ထိုင်း လူမျိုးစုများနှင့်လည်း ရောစပ်မှုမရှိသဖြင့် ယနေ့အထိကျန်နေခြင်းဖြစ်ပါသည်၊ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်တွင် ၄င်းတို၏လူဦးရေမှာ ခြောက်ထောင်ကျော် ခန့် ရှိပြီး ရွာပေါင်း ၅ဝ ကျော်ရှိသည်ဟု အကြီးအကဲများက ပြော ကြပါသည်၊ ထိုင်းလူမျိုးများနှင့် ရောစပ်ခဲ့သဖြင့် မွန်စကားကို ယခုမပြောတတ်တော့ပါ၊ ယခုကျန်ရှိနေသောရွာ ၂၅ ရွာ လူဦးရေသုံးထောင် ခန့်တို့ သည် ထိုင်းစကားပြောတတ်သောသူ များနှင့် ဝေးလံသော တောဇနပုဒ်တို၌ နေကြ၍သာ တိမ်ကော မှု မရှိသေးကြောင်းဖြစ်သည်။
သို့သော် တနေတခြား ထိုင်းလူ မျိုးစုများနှင့် ထိတွေ့ဖန်များလာသည်နှင့်အမျှ ရှေးမွန်တို့သည် တဖြည်းဖြည်း တိမ်ကောပပျောက်သွားနိုင်ပေသည်။ ဤ ကားသဘောတရားပင်တည်း။ ချောင်ဗွန်ခေါ် ညေးဂူ လူမျိုး စု(ဝါ) ရှေးခေတ်ဒွါရဝတီ မွန်တစုသည် ခေတ်မွန်များနှင့် လုံးဝဆက်စပ်မှုမရှိသော်လည်း မွန်တို့၏ဓလေ့ထုံးစံများကို ကျင့်သုံးလျက်ရှိသည်၊ ဥပမာ-အပျို-လူပျိုများသည်သင်္ကြန် ရက်များတွင် အချင်းချင်းရေကစားကြသည်၊ ခုံညင်းတောက် ကစားကြသည်၊ ခုံညင်းထိုးကစားမှုကို အလွန်အသားပေး ကြသည်၊ လူပျို အပျိုများသည် နွေရာသီညအခါများတွင် ခုံညင်းထိုးခြင်းဖြင့် အချင်းချင်းသိကျွမ်းမှုရကြသဖြင့် လူပျို လှည့်နည်းတစ်ရပ်ပင် ဖြစ်ပေသည်။
၄င်းတို့သည် ဗုဒ္ဓဘာသာလူမျိုး ဖြစ်ကြသော်လည်း စာပေအရေးအသားမရှိကြပေ၊ ကျောင်းကန်ဘုရားစေတီများ ရှိသော်လည်း နတ်ကိုးကွယ်မှု အယူဝါဒရှိကြသည်၊ ရှေး ခေတ်မွန်တို၏ ဝတ်စားဆင်ယင်မှုများကို အခါကြီး ရက် ကြီးနှင့် မင်္ဂလာအခမ်းအနားတိုတွင် ဝတ်ဆင်ကြသည်၊ အ မျိုးသားများ အနီရင့်(ဝါ) ရှားရောင်လုံချည်များ ဝတ်စားဆင်ယင်လေ့ ရှိကြသည်။
၄င်းတိုသည် ယနေလူဦးရေအားဖြင့် သုံးထောင်ခန့် ရှိသေးသော်လည်း နောင်လာမည့် အနှစ်ငါးဆယ်အတွင်း တ ဖြည်းဖြည်း ပျောက်ကွယ်မသွားရန် မည်သို့ဆောင်ရွက်ရမည်နည်း၊ မည်သူများတို့ ဆောင်ရွက်နိုင်မည်နည်း၊ မည်သို့ဖြစ် စေကာမူ ၄င်းတို့ပျောက်ကွယ်မသွားမီ ၄င်းတို၏ ဘာသာ စကား အသံများနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို ဘာသာဗေဒ၊ သဒ္ဒဗေဒနှင့် မနုဿဗေဒ ရှုဒေါင့်အရ လေ့လာမှတ် တမ်းတင်ထားရန် မွန်ခမာပညာရှင်များ၏ အထူးတာဝန်တစ် ရပ် မဟုတ်ပါတကား။
*၁၉၈၁ခုနှစ်၊ (၇) နှစ်မြောက် မွန်ပြည်နယ်နေ့စာစောင်။
မှတ်ချက်-၄င်းတို့လူမျိုးကို ၄င်းတို့က “ညးကုန်” ကုန်းမြင့်လူမျိုးဟု ခေါ်ဝေါ်ပြောဆိုကြောင်း ထိုင်းဘာသာဖြင့် ၄င်းတို့အားစကားပြောဆိုဆွေးနွေးရာမှ လေ့လာသိရှိရသည်။ (အယ်ဒီတာ)