ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းမှ ခိုးဝင်လာသော မြန်မာနိုင်ငံသား ၁၇ ဦးကို ထီးခလုံကျေးရွာအနီး တောစပ်နေရာ၌ ယနေ့ညနေတွင် စံခလပူရီမြို့အထွက် လန်တီတံတားဖြူဂိတ်မှ ရဲများသွားရောက်ဖမ်းဆီးခဲ့ပြီး စံခလပူရီရဲစခန်း၌ ထိမ်းသိမ်းလိုက်သည်။
စက်လှေပေါ်မှဆင်း၍ ကမ်းပေါ်တက်လာပြီးနောက် လာကြိုမည့်ကားကိုစောင့်ဆိုင်းနေသော မြန်မာနိုင်ငံသား အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၉ ဦးတို့ကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးမိခြင်းဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၀၀ ခန့်ကို ကန်ချပူရီပြည်နယ်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။