မြန်မာ့မီးရထားဌာနမှ ရထားပေါင်းကူးတံတားနှင့် ရထားလမ်းပြုပြင်နေသည့်အဖွဲ့ မှာ ယနေ့ မတ်လ (၁၉) ရက် မနက်ပိုင်းအချိန်ခန့်က ဒရုန်းနှင့်ဗုံးချတိုက်ခိုက်ခံရကြောင်း မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။
“ဒီနေ့မနက် (၉) နာရီလောက်မှာ ရထားပေါင်းကူးတံတားနဲ့ ပျက်ဆီးသွားတဲ့ ရထားလမ်းပိုင်းကို ပြန်လည်ပြင်ဆင်နေတဲ့ အဖွဲ့တွေ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရတယ်။ အားလုံး ဗုံး (၃) လုံးလာချတာ။ ရထားမိုင်းခွဲခံရတဲ့နေရာအနီးက ရော်ဘာခြံထဲကိုဘဲ ဗုံးတွေကျသွားတယ်။ လူထိခိုက်မှုတော့မရှိဘူး” ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာဘက်မှ ပဲခူးတိုင်ဒေသကြီး ပဲခူးမြို့နယ် ကလိကျေးရွာဘက်သို့ သွားရောက်မည့် လမ်းခင်းကျောက်များတင်ဆောင်လာသော တွဲဆိုင်း (၁၄) တွဲပါ ကုန်တင်ရထားမှာ ယမန်နေ့ နံနက် (၇)နာရီအချိန်ခန့်က မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့်အတွက် ကုန်တွဲ (၂) တွဲ လမ်းချော်သွားကာ၊ ကုန်တွဲ (၅) တွဲမှာ တိမ်းမှောက်သွားသည့်နေရာ ဖြစ်သည်။
ရန်ကုန် – မော်လမြိုင် ရထားလမ်းပေါ်ရှိ ပေါင်မြို့နယ်၊ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ် နှင့် ကျိုက်ထိုမြို့နယ်များတွင်း ရထားလမ်းများ မကြခဏ မိုင်းဖွဲဖျက်ဆီးခံရလေ့ရှိသည့်အပြင်၊ လူစီးရထားနှင့် ကုန်ရထားများလည်း မကြာခဏ မိုင်းခွဲခံရလေ့ရှိသည်။