ရာမည
ကြည်မြလွင်
(မွန်ဘဝဓလေ့နိဒါန်းမှ……….)
ရာမညဟူသောအမည်သည် အလွန်ရှေးကျ သော သီဟိုဠ်ရာဇဝင် (မဟာဝံသအခန်း ၇၆ ) တွင်ရှေးဦးစွာ ရှာဖွေ တွေ့ရှိပါသည် ၊ မွန်လူမျိုးများ၏အမည်ကို ပုဂံ ခေတ်ထိုး ကျန်စစ်သား၏နန်းတော်မွန်ကျောက်စာတွင် (ရမေည် ) ဟူ၍ ရှေးဦးစွာတွေ့ရပါသည် ၊ အသံထွက်မှာ “ရးမင်” ဟူ၍ဖြစ်သည် ။
မွန်လူမျိုးများအား ရာမညတိုင်းသားဖြစ်သည့် အလျှောက် ရာမန် (R. MAN) ဟူ၍ထင်ရှားခဲ့လေသည်၊ ( ရး) ( ရာ ) ဖြစ်လာပြီးအဓိပ္ပါယ်မှာ တိုင်းပြည်ဟု ရပါသည် ၊ (မည) (မည်) (မဉ်) (မွန်) ဟု ဆင်းသက်လာပြီး မွန်လူမျိုးဟု အဓိပ္ပါယ်ရလေသည် ၊ (ရး) ဝေါဟာရ သည် သင်္သကြိုက်ဘာသာ ( RASTAR မှဆင်းသက်လာခြင်း ဖြစ်သည် )၊ ရးမည ၊ ရာမည – မှာ တိုင်းပြည်ဟု အဓိပ္ပါယ်ရကြောင်း ဆရာနိုင်ပန်းလှက ရှင်းထားပါသည်။
မွန်တိုင်းရင်းသားများသည် အထက်တွင်ဆိုခဲ့သည့်အတိုင်း ၊ မြန်မာနိုင်ငံသို့ မဝင်ရောက်လာမီ အချိန်ကပင် စတင်၍ စာပေယဉ်ကျေးမှုများကို ပိုင်ဆိုင်ခဲ့ကြသည့်အတိုင်း ရာစုအနည်းငယ်အတွင်းမှာပင် သထုံ ၊ ပဲခူး ၊ သံလျင်ဘက်သို့ ပြန့်နှံ့သွားကာ မွန်သုံးရပ် – မွန်သုံးတိုင်း ကို တည်ထောင်ခဲ့ကြလေသည်။
၁။ သထုံ ၊ မုတ္တမ စသော ရာမညတိုင်းအစိတ်၊ သုဝဏ္ဏဘုမ္မိ
၂။ တိဂုံ ၊ ဒလ စသော ရာမညတိုင်းအစိတ်၊ ဥက္ကလာပ
၃။ ပုသိမ် ၊ မြောင်းမြ စသော ရာမညတိုင်းအစိတ်၊ ကူသိမရဌ ဟူ၍ မှတ်တမ်းများတွင်တွေ့ရှိရပါသည်၊ ကလျာဏီကျောက်စာတွင် ( ကုသိမ မဏ္ဍလ ၊ မုတ္တမ မဏ္ဍလ ၊ ဟံသာဝတီ မဏ္ဍလ ၊ သင်္ခါတေသုတီ သုရာမည မဏ္ဍလ သု ) ဟု ရေးထိုးထားသည်ကိုတွေ့ရှိရ ပေသည် ၊ အရိယာဝံသ စာတမ်းတွင် (မွန်တီ၊ မွန်စ၊ မွန်ည ) ဟူ၍ မွန်သုံးရပ်ကို ဖွဲ့ဆိုထားပါသည် ။
မွန်ရိုး (၉၉) ဟူ၍ စာဆိုတစ်ရပ်ရှိသည် ဆိုလိုသည်မှာ မွန်တိုင်းသုံးတိုင်းတွင် မွန်မြို့ကြီး (၉၉) မြို့ရှိ ခဲ့သည်ဟူ၍ပင် ဖြစ်သည် ၊ မွန်မြို့ (၉၉)မြို့အနက် မုတ္တမ အပါအဝင် (၃၃)မြို့၊ ပေါင်း (၉၉)မြို့ ဖြစ်ပါသည် ၊ ၎င်း မြို့အမည်များကို လေ့လာရာတွင် မူကွဲများတွေ့ရှိရသဖြင့် ဗဟုသုတအလို့ငှါယှဉ်တွဲ၍ ဖေါ်ပြလိုက်ပါသည်။
မုတ္တမမြို့အပါအဝင် (၃၃) မြို့
၁။ ကွန်းမြို့ ၁၈။ ဇမီမြို့
၂။ ဇယားမြို့ ၁၉။တောင်ပို့မြို့
၃။ ဘင်လှိုင်မြို့ ၂၀။ ကျိုက်တိုက်ကုလါးမြို့
၄။ ဝင်ယော်မြို့ ၂၁။ ဓရယ်မြို့
၅။ မော်လမြိုင်မြို့ ၂၂။ လဇိုင်းမြို့
၆။ ဝါဂရုမြို့ ၂၃။ ဇွဲယ်ရမြို့
၇။ လကွန်ဗျည်းမြို့ ၂၄။ ထားကြိုင်းမြို့
၈။ ကျိုင်းမြို့ ၂၅။ရင်းငြိမ်မြို့
၉။ ကော့မြို့ ၂၆။ အိဝဲမြို့
၁၀။ ဘီးလူးကျွန်းမြို့ ၂၇။ လှိုင်းဘွဲ့မြို့
၁၁။ ရေးမြို့ ၂၈။ ရင်းအုံမြို့
၁၂။ အတ္ထရံမြို့ ၂၉။ ကော့ပိန်မြို့
၁၃။မြိုင်မြို့ ၃၀။ လမိုင်းမြို့
၁၄။ တုံဝန်းမြို့ ၃၁။ မြဝတီမြို့
၁၅။ ကျိတ်မြို့ ၃၂။ ပေါင်မြို့
၁၆။ အီဗြစ်မြို့ ၃၃။ မုတ္တမမြို့
ဟံသာဝတီ (၃၃) မြို့
၁။ ဟံသာဝတီမြို့ ၁၈။ ပေါင်းလင်းမြို့
၂။ ကျောက်မော်မြို့ ၁၉။ ထန်းတောကြီးမြို့
၃။ အမ်းမြို့ ၂၀။ တီတွတ်မြို့
၄။ တုံဇရစ်မြို့ ၂၁။ ဇေထမြို့
၅။ ကျည်းကူးမြို့ ၂၂။ ဇောင်တူမြို့
၆။ စစ်တောင်းမြို့ ၂၃။ ဘားအိုင်မြို့
၇။ ဇင်းမယ်မြို့ ၂၄။ ရဲနွဲ့မြို့
၈။ ဇရွဲဘုံမြို့ ၂၅။ မောရညရမြို့
၉။ အသာမြို့ ၂၆။ တံငါပေါင်မြို့
၁၀။ မော်လုံမြို့ ၂၇။ မင်းရဲလှမြို့
၁၁။ လကွန်ဗျည်းမြို့ ၂၈။ ကောလီယမြို့
၁၂။ အာခရိမ်မြို့ ၂၉။ ပိုင်တာမြို့
၁၃။ မအူမြို့ ၃၀။ ဝင်မြိုင်မြို့
၁၄။ရမ္မနဂိုမြို့ ၃၁။ ဟွန်စခင်းမြို့
၁၅။ရမ္မာဝတီမြို့ ၃၂။ တုံခန်းမြို့
၁၆။ မှော်ဘီမြို့ ၃၃။ ဟင်္သာဇိုင်းကနိမ်မြို့
၁၇။ လိုင်မြို့
ပုသိမ်အပါအဝင် (၃၃) မြို့
ပုသိမ်မြို့အပါအဝင် ရှေးဟောင်းမြို့များကိုလေ့ လာရာတွင် မြို့အမည်အပြောင်းအလဲများ ရှိသည်ကို တွေ့ ရှိရသည်၊ ထိုအမည်များကို ပူးတွဲ၍ဖေါ်ပြလိုက်ရပေသည်။
ရှေးအမည် ယခုအမည်
၁။ ကျိုက်စတည်းမြို့ ဟိုင်းကြီးမြို့
၂။ ကျိုက်သရဲမြို့ မော်တင်
၃။ ကျိုက်ခရိုင်မြို့ ဘုရားလှဆင်ကူး
၄။ ကျိုက်ထူပါရုံကမ်းဖြူမြို့ မြစ်တရာ
၅။ ဇခကျိုက်တမော်မြို့ ကျောက်သဘေႅာ
၆။ ပမ္မမေတ္တာကျိုက်ပထော်မြို့ ပမ္မမေတ္တာ (ပန်းမဝတီ)
၇။ ကျိုက်အဖွန်မြို့ မြောင်းမြမြို့ဆိပ်ကြီး
၈။ ကျိုက်အဝှန်မြို့ ကျံတုံး
၉။ ကျိုက်ဇလဲမြို့ မြောင်းမြမြို့ဟောင်း
၁၀။ ကျိုက်ဖိမြို့ သစ်ယောင်းချောင်း
၁၁။ ကျိုက်စောမြို့ တခေါင်း
၁၂။ ကျိုက်ပိမြို့ ချောင်းသုံးခွ
၁၃။ကျိုက်မော်တောတလျှော်မြို့-တောင်လုံ
၁၄။ ကျိုက်သတောမြို့ ရေကြည်ပန်းတော
၁၅။ ကျိပ်ပတီသရစောမြို့ -မြို့တွင်း(ဟင်္သာတ)
၁၆။ဘုရားကြီးသံတေတတွန်မြို့ -ဒမ္ဘီ
၁၇။ကျိုက်တုံလန်တောမြို့ မြန်အောင်
၁၈။ ကျိုက်ပြိုတောင်မြို့ -ကျိုက်ထေါအင်္ဂပူအုတ်ဖို
၁၉။ကျိုက်ငူသုနန္ဒမြို့ -မန်းကြား
၂၀။ ကျိုက်မင်းပတောမြို့ ကျောက်ချောင်းငယ်
၂၁။ ကျိုက်အဝှန်ကျုံတုံမြို့ -ဘုရားကြီး
၂၂။ ကျိုက်ခရံဂဟေနံမြို့ -ခေနံ
၂၃။ ကျိုက်သတောမြို့ -ခသောဒရှာ
၂၄။ ကျိုက်တော်တောမြို့ ပန်းထော်
၂၅။ ကျိုက်ခတော်တုံမြို့ ထန်းဘူး
၂၆။ကျိုက်ခရံတော်ကျိုက်ဖြူမြို့ သိမ်ချောင်း
၂၇။ ကျိုက်တံတလဲတဝေါမြို့ ကျောက်ချောင်းပါ
၂၈။ ကျိုက်တည်မုနှောသမြင်တုံမြို့ -ပန်းတနော်မြို့
၂၉။ ကျိုက်သလွန်မွန်ဒေါင်းဖြူမြို့ -ဓနုဖြူမြို့
၃၀။ ကျိုက်အန္ဒာပုရမြို့ -ညောင်ပင်သာဇလွန်
၃၁။ ဆိပ်ကြီး
အထက်ပါမြို့အမည်များမှာ ရှေးအမည်နှင့် ယခုအမည်များဖြစ်ပြီး (၃၁) မြို့သာ ရှာဖွေတွေ့ရှိရသည် ၊ တဖန် မူကွဲ တစ်ခုမှာလည်း (၃၁) မြို့သာ တွေ့ရှိရပြန်သည်၊ ထူးခြားချက်တစ်ရပ်မှာ မြို့အမည်သုံးမျိုးအဆင့်ဆင့် ပြောင်းလဲလာပုံကိုတွေ့ရှိရမည်ဖြစ်ပါသည်။
ရှေးမြို့အမည်-ဒုတိယအမည်- တတိယအမည်
၁။ အတိသဉ္စ ဂရမြို့ -ပုသိမ် ပုသိမ်
၂။ ကျိုက်တုံလှန်ထားမြို့ -မြန်အောင် -မြန်အောင်
၃။ ကျိုက်တောမြို့ -ကျိုက်တော်သုံးမြို့ဆိုင်-ကနောင်
၄။ ကျိုက်တည်သာရဝေါမြို့ -သာရဝေါ -ဟင်္သာတ
၅။ သုနန္ဒဗလမြို့ -ကွင်းဘောက် -ကွင်းဘောက်
၆။ အင်္ဂပူမြို့ -အုတ်ဖို -အုတ်ဖို
ရ။ ကျိုက်တောသမန္တပူရ -ဇရွံ -ဇလွန်
၈။ ကျိုက်တည်မုဌောမြို့ -သမြင်းကုန်း -သမြင်းကုန်း
၉။ ဒူးယားမြို့ -ဒူးယား -ဒူးယား
၁ဝ။ ကျိုက်သလွန် မွန်ဒေါင်းဖြူမြို့ -ဓနုဖြူ-ဓနုဖြူ
၁၁။ ကျိုက်ဇရဲထော်မြို့ -မြောင်းမြ -မြောင်းမြ
၁၂။ ကျိုက်ပွန်မြို့ -ဆိပ်ကြီး – ဆိပ်ကြီး
၁၃။ ကျိုက်တမံမြို့ -ခဲပေါင်း -ခဲပေါင်း
၁၄။ ကျိုက်ပဒေါင်း လောင်းမြို့ -မဲလောင်း-မဲလောင်း
၁၅။ ကျိုက်ပိမြို့- သစ်ယောင်းချောင်း-ပုသိမ်ဆင်ခြေဖုန်း
၁၆။ ကျိုက်ခေါမြို့-တကောင်းဘုရား-တကောင်းဘုရား
၁၇။ ကျိုက်တမော်မြို့-ပန်းတောရေကြည်-ပန်းတောရေကြည်
၁၈။ ကျိုက်မော်ဒေါမြို့-ကျုံတရော်-ကျုံကျော်
၁၉။ ကျိုက်ခမီပူရမြို့-ထောင်လုံ-ထောင်လုံး (ကျုံ ပျော်တောင်ဖျား)
၂၀။ ကျိုက်ခံတလမြို့-အသုတ် -အသုတ်။
၂၁။ ကျိုက်လံတော်တုံမြို့၊ ထန်းဘူး-ထန်းဘူး။
၂၂။ ကျိုက်ခရံတော် ကျောက်ဖြူမြို့-သိမ်ချောင်း-ဇီဖြူကွင်း။
၂၃။ ကျိုက်တလံတဝေါမြို့-ကျောက်ချောင်းကြီး-ကျောက်ချောင်းကြီး
၂၄။ ကျိုက်ဇလဲတ ဂေါ်မြို့-ကျောက်သဘေႅာ-ဇောင်းယားကျွန်း။
၂၅။ ကျိုက်အဝှန်မြို့- ကျုံတုံ -ကျောက်ချောင်းကြီးတိုက်။
၂၆။ ကျိုက်ထူပါရုံ ကမ်းဖြူမြို့- မြစ်တရာမြို့- ယခုဇောင်းယားကျွန်း(လှေတန်းနယ်)။
၂၇။ ကျိုက်တောင် တောမြို့- ပန်းတောကြီး -လေးမျက်နှာ(လှေတန်း)
၂၈။ ကျိုက်တော်ပြည်ပတော- ကျောက်ချောင်းငယ်- ငါးသိုင်းချောင်း။
၂၉။ ကျိုက်အဖွံ့ကျုံတုံမြို့- ကျုံတုံကန္ဒီ- ကျုံတုံကန္ဒီ
၃၀။ ကျိုက်ဂဟေနံမြို့ -ခေနံ -ခေနံ(သာပေါင်း အထက်ဘုရားကြီး)
၃၁။ ကျိုက်ခရမ်း -ဘုရားမှ -ဖဲကရဲ(မော်တင် စွန်းအထက်ဘု ရားလှအောက်
မွန်မင်းဆက်များ
သမိုင်းဦးခေတ်များကိုပြန်လည်သုံးသပ်လျင် သက်ဦးဆံပိုင် စနစ်ဖြင့် ပြည်သူများအား အုပ်ချုပ်ကာ မိမိ (ဘုရင်)နှင့်တကွ သူ၏အသိုင်းအဝန်း အာဏာတည်မြဲရေး အတွက် ဦးတည်ခဲ့လင့်ကစား သမိုင်းစဉ် တလျှောက်အား လေ့လာလိုက်သောအခါ အုပ်စိုးသူဘုရင်များကို ချန်လှပ် ထား၍မရပေ၊ သို့လေ့လာရာတွင် ပြန်လည်တသရန် မဟုတ်မူဘဲ သူတို့၏လုပ်ဆောင်ချက် ၊ ပြည်သူများကို အကျိုးပြုမှု မပြုမှု ကောင်းကျိုး ဆိုးကျိုးများကိုလေ့လာ သုံးသပ်ရန် လိုအပ်သည်ဟုထင်မြင်မိပါသည် ၊ ယခုဖေါ် ပြမည့်အခန်းတွင် မွန်ဘုရင်များ၏ဆေါင်ရွက်ချက်များကို တင်ပြရန်မဟုတ်ဘဲ ရာမညဒေသတွင် မွန်မင်းဆက်မည်မျှ စိုးစံသွားကြောင်း အလျင်းသင့်၍ ဖေါ်ပြရလိုက်ခြင်းပင် ဖြစ်ပါသည် ။
မွန်မင်းဆက်များကို စာရင်းပြုစုတင်ပြရာတွင် သုဝဏ္ဏဘုမ္မိ ၊ မုတ္တမ ၊ ဟံသာဝတီ စသည်ဖြင့် သုံးပိုင်း ခွဲ၍တင်ပြရမည်ဖြစ်ပါသည် ၊ သုဝဏ္ဏဘုမ္မိ မွန်မင်းဆက် များမှာ သီဟရာဇာမင်း မှ မနုဟာမင်း အထိ သုဝဏ္ဏ ဘုမ္မိသထုံတွင် မင်းဆက် (၅၇) ဆက်စိုးစံသွားခဲ့ပေသည်၊ ထိုမင်းများသည် သုဝဏ္ဏဘူမိသထုံသာမက ၊ ဒွါရဝတီ နိုင်ငံ (ယခု ထိုင်းလင်း) ရံဖန်ရံခါ အုပ်စိုးခဲ့ကြသည် ၊ အေဒီ ၁ဝ၅၇ ခုနှစ်တွင် အနော်ရထာမင်းစောသည် မနုဟာကိုတိုက်ခိုက်ရာဝယ် သထုံမဟုတ်ဘဲ ၊ ပရပထုံ ဖြစ်သည် ဟူ၍ပင် ယိုးဒယားနိုင်ငံရှိ ရာဇဝင်ဆရာတချို့ ကယူဆထားသည် ၊ ဤကားတွေးဆဘွယ်ရာပင်ဖြစ်သည်။
ဟံသာဝတီပဲခူး၌ သမလ ဝိမလမှစ၍ တိဿ မင်းအထိ မင်းပေါင်း ၁၇ ဆက်စိုးစံခဲ့ပါသည် ၊ မုတ္တမ မွန်မင်းဆက် တွင် မုတ္တမဘုရင် ဝါရီရူးသည် ယိုးဒယားမင်း သမီးကို မိဖုရားတင်မြှောက်ခဲ့လေသည် ၊ ဗညားဦးလက် ထက်တွင် မုတ္တမ မှ ပဲခူးသို့ ပြောင်းရွှေ့စိုးစံခဲ့လေသည် ၊ ဗညားဦး၏သားတော်ဗညားနွဲ့ ခေါ် ရာဇာဓိရာဇ်သည် သူရသတ္တိဖက်တွင် အထင်ရှားဆုံး မွန်ဘုရင်တစ်ပါးဖြစ်သည် ၊ ဘုရင်ရာဇာဓိရာဇ်၏ ထင်ရှားသော မွန်သူရဲ ကောင်းသုံးဦး၏အမည်မှာ သမိန်ဘရမ်း ၊ လဂွန်းအိမ် ၊ အဲမွန်ဒယာ တို့ဖြစ်ကြသည် ၊ မွန်မင်းဆက်များ၏ နောက် ဆုံးမင်းမှာ ဗြမောင်ဓိရာဇ်မင်း ဖြစ်သည်
ဟံသာဝတီမင်းဆက်များ
၁။ သမလမင်း ၁ဝ။ ကမကမင်း
၂။ ဝိမလမင်း ၁၁။ သားပဉ္စာလရာဇ်မင်း
၃။ သားအသမင်း ၁၂။ အတ္တုသရာဇာမင်း
၄။ အရိန္ဒရာဇာမင်း ၁၃။ မနုမရာဇာမင်း
၅။ ဟိမသရာဇာမင်း ၁၄။ မိဂါဒိပ္ပငယ်မင်း
၆။ မွန်ရဟန်းမင်း ၁၅။ ဘဂ္ဂသန္တရာဇာမင်း
၇။ ဝိန္ဒရာဇာမင်း ၁၆။ ပုဏ္ဍရီကရာဇာမင်း
၈။ မိဂါဒိပ္ပမင်း ၁၇။ တိဿရာဇာမင်း
၉။ ဝိဇ္ဇာပိယရာဇာမင်း
ဝါရီရူးမင်းဆက် (မုတ္ထမနှင့်ဟံသာဝတီ)
မုတ္တမမြို့
၁။ ဝါရီရူမင်း
၂။ ညီခုံလော(ခွန်လော)(သနရန်းဗျာကိတ်)
၃။ စောအို
၄။ ညီစောဇိမ့်
၅။ စောအဲဂံဂေါင်း
၆။ ဗညားအဲလော (ခုံလော၏သား)
ဟံသာဝတီမြို့
၇။ ဗညားဦး
၈။ ရာဇာဓိရာဇ်
၉။ ဗညားဓမ်မရာဇာ
၁၀။ ဗညားရံခိုက်(ဗညားရံကစ်)
၁၁။ ဗညားဝရု
၁၂။ ဗညားကျန်း (ဗညားကင်း)
၁၃။ လိပ်မွန်တော (မောဓော)
၁၄။ ရှင်စောပု
၁၅။ ဓမ္မစေတီ
၁၆။ ဗညားရံ
၁၇။ သုရှင်တကာရွတ်ပိ
သုဝဏ္ဏဘူမိမင်းဆက်များ
၁။ သီဟဇာ ၂၇။ ဒီဗ်ဗရာဇာ
၂။ သားသီရိဓမ္မသောက ၂၈။ အသက္ကရာဇာ
၃။ သားဓမ်မပါလ ၂၉။ ဘုမ်မရာဇာ
၄။ သားဓမ်မဓဇ ၃၀။ ဗန်ဒရာဇာ
၅။ သားအင်ဂူရ ၃၁။ မဟိသရာဇာ
၆။ ဥပဒေဝ ၃၂။ ဓမ္မစက္ကံရာဇာ
၇။ သီဝိရာဇာ ၃၃။ သုဇမ်ပတိရာဇာ
၈။ ဇောတကုမ္မာဓမ္မာ ၃၄။ ဗန္ဓရာဇာ
၉။ ဥတ္တရကုမ္မာ သောက ၃၅။ နရသူရဇမ္မူဒီဗ္ဗရာဇာ
၁၀။ ကာလဝဏ်ဏ ၃၆။ ကသေရာဇာ
၁၁။ မဟာသာလ ၃၇။ မဏိရာဇာ
၁၂။ ရာမက ၃၈။ တက်ကရာဇာ
၁၃။ နရသူ ၃၉။ ကုသရာဇာ
၁၄။ မဟာဘဒွာ ၄၀။ နာဇဒိဗ်ဗရာဇာ
၁၅။ အရဓ ၄၁။ သုလုရာဓ
၁၆။သိဂုတ်တရ ၄၂။ စိတ်တရာဇာ
၁၇။ ခုရုနာဂဘဝ ၄၃။ ဒီဃရာဇာ
၁၈။ သုဂန်ဓရာဇာ ၄၄။ ဥတ်တဓရာဇာ
၁၉။ သုနန်ဒရာဇာ ၄၅။ သိရိဒမ်မရာဇာ
၂၀။ဗွဟ်မဒတ်တ ၄၆။ မဟာစိတ်တရာဇာ
၂၁။ ပဉ္စရာဇာ ၄၇။ ဝန္ဒရာဇာ
၂၂။ အဓိကရာဇာ ၄၈။ ဇေယျသုမနုရာဇာ
၂၃။ အပ ပရောဓိရာဇာ ၄၉။ မဒ္ဒကရာဇာ
၂၄။ သာဓုရာဇာ ၅၀။အဓိန်နရာဇာ
၂၅။ ဓမ်မပါလရာဇာ ၅၁။ ဥဓိန်နရာဇာ
၂၆။ သုဒသာနရာဇာ ၅၂။ မနုဟာ
မွန်နှင့်ဟင်္သာ
မွန်တိုင်းရင်းသားများ အမြတ်တနိုးအလေး အနက်ထားကြသော အမျိုးသားအမှတ်အသားသည် ဟင်္သာပင် ဖြစ်သည် ၊ အခမ်းအနားများတွင် ဟင်္သာ တံဆိပ် ၊ ဟင်္သာရုပ်များကို အလေးအနက်ဖေါ်ပြကြသည်၊ ဘုန်းကြီးကျောင်းများ နေအိမ်များတွင် ဟင်္သာရုပ် ၊ ဟင်္သာရုပ်ထုများကို အမြတ်တနိုးချိတ်ဆွဲထားလေ့ ရှိသည် ၊ ဟင်္သာကို မွန်တိုင်းရင်းသားအမှတ်အသား ၊ အမြတ်တနိုးထား၍ အမျိုးသားအမှတ်အသား အဖြစ်ထားခဲ့ကြသော သမိုင်းကြောင်းမှာ အောက်ပါ အတိုင်းဖြစ်ပါသည် ။
မွန်ရာဇဝင်တွင် ရှင်တော် ဂေါတမ မြတ်စွာ ဘုရား ဘုရားဖြစ်တော်မူပြီး (၈) ဝါမြောက်တွင် ဂဝံပတိထေရ်၏ ပင့်ဆောင်ချက်အရ ၊ ရဟန္တာ (၂) သောင်း ခြံရံ၍ ဒေသစာရီကြွချီတော်မူရာတွင် သမုဒ္ဒရာအလယ် ရေစစ်ချိန်၌ (၂၃)လံရှိ ကျေက်ဆောင်ကြီးတစ်ဆောင်ကို တွေ့ရှိတော်မူရာ ဘုရားရှင်က ငါဘုရား ပရိနိဗ္ဗာန်စံ လွန်တော်မူပြီး နှစ်ပေါင်း (၉၀၀)တွင် ဤနေရာ၌ အလွန် စည်ကားဝပြောသောတိုင်းပြည်တစ်ပြည်ဖြစ်ပေါ် လာလတ္တံ့ဟု ဗျာဒိတ်ပေးတော်မူလေသည် ။
ယင်းသို့ ဗျာဒိတ်ပေးပြီးနောက် ကုန်သည်သင်္ဘောတစ်စင်း လင်းကျောက်ဆောင်နှင့်မလှမ်းမကမ်းမှ ဖြတ်သန်း သွားရာ ယင်းကျောက်ဆောင်သည်ရေပြည့်ချိန်ဖြစ်၍ အနည်းငယ်မျှသာပေါ်ထွန်းနေလေရာ ရွှေအဆင်းကဲ့သို့ရှိပြီး အမောက်မှာမကိုဋ် ကဲ့သို့လှပသော ဟင်္သာမောင်နှံ နှစ်ကောင်သည် ခိုနားစရာနေရာကွက်ကွက် ကလေးသာ ဖြစ်သဖြင့် အထီးသည်အောက်မှနားကာ အမသည် ဟင်္သာထီး၏ကျောပေါ်၌ နားနေသည်ကို တွေ့ရှိရသည်ဆို၏ ။
ထိုကျောက်ဆောင်နေရာမှာ ကာလရွေ့လျောပြီး ကုန်းခေါင်ခေါင် ဖြစ်လာချိန် သာသနာသက္ကရာဇ် (၁၁၁၆) ခုနှစ်တွင် သမလ ၊ ဝိမလ စတင်စိုးစံသောအခါ ဟင်္သာဖိုမ အတွေ့ရခြင်းကို အစွဲပြု၍ ဟံသာဝတီဟု ခေါ်တွင်ခဲ့လေသည် ၊ မွန်တိုင်းရင်းသားများသည် ဤသည်ကိုအစွဲပြု၍ ဟင်္သာကို လေးစားမြတ်နိုးကာ မွန်အမျိုးသားအထိမ်းအမှတ်အဖြစ် သတ်မှတ်ခဲ့ပါသည်။
မွန်နှင့်မနုသီဟ
စာရေးသူတို့ ငယ်စဉ်ကရပ်ရွာထဲ၌ ကျောက် ရောဂါ ဝမ်းရောဂါများဖြစ်ပွါးလျင် ထန်းရွက်ပေါ်တွင် မနုသီဟပုံကိုရေးသား၍ လက်မအရွယ်လေးထောက် ပုံသဏ္ဍန်ခေါက်ပြီး အပ်ချီကြိုးတွင်သီကာ လည်တွင်ဆွဲ စေသည်ကို သတိရမိပါသည် ၊ ၎င်းပြင် စေတီပုထိုး ရှေ့များတွင် အချွန်အထက်များပါသော နတ်ဦးခေါင်း နှင့်ခြင်္သေ့ကိုယ်နှစ်ခုပါသော မနုသီဟ ကိုတွေ့မြင်ရဘူး ပါသည် ။
ယင်းမနုသီဟနှင့်ပတ်သက်၍ လေ့လာကြည့်သောအခါ မွန်များနှင့်ပတ်သက်ဆက်နွယ်နေသော အထိမ်းအမှတ်တစ်ခု ဖြစ်နေသည်ကို တွေ့ရှိရပေသည်၊ သုဝဏ္ဏဘူမ္မိပြည်တွင် သိရိဓမ္မာသောက မင်းလက်ထက်၌ သာသနာသက္ကရာဇ် (၂၃၆) ခုနှစ်တွင် မင်းအိမ်များ ၌ ရေသူရဲများသည် လိုက်လံစားသောက်လျက်ရှိသည် မင်းအိမ်၌ သားယောင်္ကျားကုန်နေလျင် မြို့ပြင်အနှံ့ရှိ သားယောင်္ကျားများကိုစားကြသည်၊ ထိုအခြေအနေကြောင့် မင်းပြည်တော်တစ်ခုလုံး ထိတ်လန့် တုံလှုပ်ကြသည် ၊ ကြောက်လန့်ကာ ထွက်ပြေးရှောင်ပုန်းကြသဖြင့် ကမ္ဘာပျက်ဘနန်း ဖြစ်နေတော့သည် ၊ ထိုအချိန်တွင် ဥတ္တရထေရ် နှင့်သောဏထေရ် နှစ်ပါးသည် နောက်ပါရဟန်း (၃)ပါးနှင့်တူ သုဝဏ္ဏဘုမ္မိသို့ ကြွရောက်လာကြသည် ။ ထိုအချိန်တွင် ဥတ္တရနှင့်သောဏထေရ်တို့သည် မဟာဗြဟ္မဇလသုတ်ကို ရွတ်ဆိုတော်မူသည် ။ ခြင်္သေ့နှစ်ကိုယ်ပါသော သတ္တဝါဖြင့် ဖန်ဆင်းလေရာ ရေသူရဲများထွက် ပြေးသွားကြကုန်တော့သည် ၊ မင်းနှင့်တကွ တိုင်းသူပြည်သားများသည် ပေရွက်တွင် မနုသီဟပုံကိုရေးသား၍ ဦးခေါင်းတွင်လည်း ကောင်း ၊ လည်တွင်လည်းကောင်း ဆွဲဆင်ထားကြသဖြင့် သုဝဏ္ဏဘုမ္မိ တွင် ရေသူရဲအန္တရာယ်အဝဝကင်းရှင်း သွားသည့်အပြင် မထေရ်နှစ်ပါး၏တရားထူးတရားမြတ်ကို နာကြားရသဖြင့် ယောင်္ကျား(၃၅၀၀) ၊ မိန်းမ(၁၅၀၀) တရားရသွားကြတော့သည် ၊ အထက်ပါ မွန်ရာဇဝင် အဆိုအရ မနုသီဟသည် မွန်လောကတွင် အလေးအနက်ထါးယဉ်ကျေးမှုမွေအနှစ်များအနက် တစ်ခုအပါအဝင် ဖြစ်ပါသည်။
မွန်အမျိုးသားနေ့
မွန်တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်တစ်ခုဖြစ်သော မွန်အမျိုးသားနေ့ကို နှစ်စဉ်နှစ်တိုင်း တပို့တွဲ လဆုပ် (၁) ရက်နေ့တိုင်း မွန်ဒေသရှိမြို့များတွင် ကျေးလက်တောရွာများပင်မကျန် ကျင်းပခဲ့ကြသည် ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီး အတည်ပြုပြီးကာ မွန်ပြည်နယ် ပေါ်ပေါက်လာသောအခါ မွန်ပြည်နယ် ပြည်သူ့ကောင်စီမှဦးစီး၍ မွန်ပြည်နယ်ရှိ ပညာရှင်များ ၊ လူတန်း စားလွှာအသီးသီးအကြံဉာဏ်ကိုရယူခါ မွန်ပြည်နယ် အလံ ၊ တံဆိပ် ၊ အမျိုးသားနေ့ သတ်မှတ်ရေးအတွက် မူကြမ်းရေးဆွဲကာ အထက်အဖွဲ့အစည်းသို့တင်ပြထားသည်ဟု သိရှိပါသည် ၊ ယင်းမူကြမ်းအတည်ပြုပြီးသော အခါဝယ် မွန်တိုင်းရင်းသားများ တညီတညွတ်တည်း အသုံးပြုကြတော့မည် ဖြစ်ပါသည်။
ယနေ့ မွန်တိုင်းရင်းသားများ မွန်အမျိုးသားနေ့ကို တပို့တွဲလဆုပ်(၁)ရက်နေ့အား မည်သည့် ရည်ရွယ်ချက်ဖြင့် သတ်မှတ်ကြသည်ကို သိရှိစေရန် ဗဟုသုတအဖြစ် ဖေါ်ပြအပ်ပါသည် ။
ပထမအကြိမ် မွန်အမျိုးသားနေ့ကို ၁၃၀၉ ခုနှစ် တွင်စတင်ကျင်းပခဲ့ကြသည် ၊ တပို့တွဲလဆုပ် (၁)ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ရခြင်းမှာ သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် ၊ တပို့တွဲ လဆုပ်(၁)ရက်နေ့တွင် ဟံသာဝတီပဲခူး နေပြည်တော်၌ သမလ၊ ဝိမလ နန်းတက်ခဲ့သောနေ့ကို အထိမ်းအမှတ်ပြု၍ သတ်မှတ်ကြခြင်း ဖြစ်ပေသည် ။ မွန်အမျိုးသားနေ့ကို တပို့တွဲလဆုပ်(၁)ရက်နေ့ သတ်မှတ်ရန် အစည်းအဝေးကို ၁၉၄၇ ခုနှစ်တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်မုခ် ၊ မော်လမြိုင်ဇရပ်၌ မွန်သံဃာတော်များထိုစဉ်ကမွန်နိုင်ငံရေးခေါင်း ဆောင်များ ၊ ပညာရှင်များ တက်ရောက်ခဲ့ကြရာမှ မွန်အမျိုးသားနေ့ စတင်ပေါ်ထွန်းခဲ့ခြင်း ဖြစ်လေသည်။
(စာရေးဆရာ ကြည်မြလွင်၏ မွန်ဘဝဓလေ့ရိဒါန်း စာအုပ်မှ )
*တိုင်းရင်းသား မွန်လူမျိုးများအကြောင်း သမိုင်းကောက်နုတ်ချက်၊ ဆောင်းပါး၊ စာတန်းပေါင်းချုပ် (မွန်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီ) မှ ကူးယူဖော်ပြသည်။