ဝန်ကြီးချုပ်ဦးနုသည် မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အကောင် အထည်ဖော်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအားအကြံပေးရန် နိုင်ငံ တော်သမ္မတဟောင်း ဦးဘဦးခေါင်းဆောင်သော နိုင်ငံတော်အစိုးရအတိုင်ပင်ခံ အကြံပေးငါးဦးအဖွဲ့အား ၁၉၆၀ ပြည့်နှစ် ဧပြီ ၂၉ ရက်နေ့တွင် တာ ဝန်ပေးအပ်ခဲ့သည်။
မွန်ပြည်နယ်အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ အစိုးရအတိုင်ပင်ခံ အကြံပေးအဖွဲ့သည် မေလ ၁၄ ရက်မှစ၍ ခေါင်းဆောင်များကိုခေါ်ယူတွေ့ ဆုံပြီး ၄င်းတို့၏သဘောထားကို စုံစမ်းမေးမြန်းခဲ့သည်။
မွန်ဖိုးချိုအား အတိုင်ပင်ခံအကြံပေးအဖွဲ့က စုံစမ်းမေးမြန်းရာတွင် မွန်ဖိုးချိုက ဒီမိုကရေစီအခွင့်အရေး ဆုံးရှုံးမှုများတွင် အနစ်နာဆုံးသော ဆုံးရှုံးမှုသည် လူမျိုးတိမ်ကော ပပျောက်မှုပင်ဖြစ်ကြောင်း၊ မွန်လူမျိုးများသည် ပုသိမ် ၃၂ မြို့၊ ဟံသာဝတီ ၃၂ မြို့၊ မုတ္တမ ၃၂ မြို့ဟူ၍ ရှိခဲ့ရာမှ ယခုအခါ စကားရောစာပါ တိမ်ကောပပျောက်နေပြီဖြစ်ကြောင်း၊ မုတ္တမဘက်၌သာ မွန်စာ မွန်စကား ကျန်ရှိတော့ရာ ယခုအတိုင်း ဆက်လက်ထားရှိမည်ဆိုလျှင် ပျူလူမျိုးပပျောက်သကဲ့သို့ မွန်လူမျိုးပါ ပပျောက်နိုင်ကြောင်း မွန်ဖိုးချိုက တင်ပြသည်။
(၁၉၅၈-၆၂ မြန်မာ့နိုင်ငံရေးတတိယတွဲ၊ ရန်ကုန်တက္ကသိုလ်များစာကြည့်တိုက်၊ ၁၉၉၀၊ စာ ၂၅၈-၃၃၂)