ရေးမြို့နယ် မော့ကနင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ နိုင်ငံတော်အလံအား ယနေ့ညနေပိုင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်များ မြေချဖျက်ဆီးခဲ့ပြီး မြန်မာစစ်တပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး၏ နေအိမ်ထိမှန်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
YPDF+တောင်ညိုခွဲ(၃) နှင့် KNU ဗဒဲကောပူးပေါင်းအဖွဲ့တို့ ယနေ့ညနေ ၄ နာရီခန့်တွင် မော့ကနင်ကျေးရွာသို့ ဝင်ရောက်လာပြီး အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ အလံအား မြေချဖျက်ဆီးခဲ့ပြီး မော့ကနင်အခြေစိုက် ခလရ (၁၀၆) တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းမှန်းဆ၍ ပစ်ခတ်ခဲ့ရာ မော့ကနင်ကားဆိပ်အနီး ရွာသားတစ်ဦး၏နေအိမ် ထိမှန်၍ လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
လွန်ခဲ့သည့် ၂ ရက် နံနက်စောစောအချိန်တွင် မော့ကနင်ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်ကို တော်လှန်ရေးအဖွဲ့တစ်ဖွဲ့မှ မော်တော်ယာဉ် (၂) စီးနှင့် လူအင်အား (၃၀) ခန့်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့သော်လည်း အုပ်ချုပ်ရေးမှူးဦးထိန်ဝင်း လွတ်မြောက်သွားကြောင်း သိရသည်။
မော့ကနင်ကျေးရွာအနီးရှိ အမြှောက်တပ်အပါအဝင် မြန်မာစစ်တပ် ၃ ရင်းမှ စစ်သားများ တပ်ရင်းပြင်ပသို့ လုံးဝထွက်ခွာလှုပ်ရှားခြင်း မရှိတော့ကြောင်း ရွာသားများက ပြောဆိုသည်။