ကော်သူလေးအစိုးရဖွဲ့စည်းထားပြီး သမ္မတအဖြစ်တာဝန်ယူလျက်ရှိသော ဗိုလ်ချုပ်စောနယ်ဒါးမြ အပါအဝင် ၄င်း၏မိခင်နှင့် ဇနီးတို့အား ထိုင်းနိုင်ငံသားအဖြစ်မှ ရုတ်သိမ်းလိုက်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်ခရိုင် အုပ်ချုပ်ရေးမှူးက ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
အုပ်ချုပ်ရေးဦးစီးဌာနမှ နိုင်ငံသားမှတ်ပုံတင်များ ဒုစရိုက်မှုကာကွယ်တားဆီးရေးဌာနမှ စစ်ဆေးမေးမြန်း ချက်များနှင့် အထောက်အထားများစီစစ်ခဲ့ရာတွင် ၄င်းတို့ (၃) ဦးသည် တစ်ခြားသူ၏ မိသားစုမှတ်ပုံတင်နံပါတ်အား မဟုတ်မမှန်သုံးထားသည်ဟု ယုံကြည်ရသောကြောင့် နိုင်ငံသားအသိအမှတ်ပြုမှုမှ ရုပ်သိမ်းပြီးဖြစ်ကြောင်း၊ ဖြေရှင်းရန် အကြောင်းတစ်စုံတစ်ရာရှိပါက ၁၅ ရက်အတွင်း လာရောက်ဖြေရှင်းနိုင်ကြောင်း အသိပေးအပ်ပါသည်ဟု အုပ်ချုပ်ရေးမှူး၏ အမိန့်စာတွင် ဖော်ပြသည်။
စောနယ်ဒါးမြသည် ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌဟောင်း စောဘိုမြ၏သားဖြစ်ပြီး KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) စစ်ဦးစီးချုပ် တာဝန်ထမ်းဆောင်စဥ်က မြန်မာအရပ်သားလမ်းအလုပ်သမား ၂၅ ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြင့် ထုတ်ပယ်ခံရပြီးနောက် ကော်သူလေးတပ်မတော်(KTLA)ကို သီးခြားဖွဲ့စည်းခဲ့ပြီး ကော်သူးလေအစိုးရကိုလည်း ဖွဲ့စည်းထားသည်။