ရေးနှင့် ရေဖြူမြို့နယ်အစပ်တွင် လှုပ်ရှားလျက်ရှိသော နိုင်ဗညား ဦးစီးသည့် ရာမညတပ်ဖွဲ့ဝင် ၁၀ ဦးတို့သည် လက်နက် (၇) လက်၊ ကျည်ဆံများနှင့်အတူ ယနေ့ဖေဖော်ဝါရီ (၅) ရက်နေ့က မွန်ပြည်သစ်ပါတီသို့ လာရောက်ပူးပေါင်းခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့နံနက်စောစောပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နှင့် ရာမညတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်ဖွဲ့ဝင်နှစ်ဦးနှင့်သေဆုံး၍ လက်နက်နှစ်လက်ဆုံးရှုံးခဲ့ရပြီးနောက် မွန်ပြည်သစ်ပါတီ အမှတ် (၂) တပ်ရင်း ထားဝယ်ခရိုင်သို့ အဆက်သွယ်ရယူကာ လာရောက်ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ၃ နှစ်ကာလ စစ်အာဏာသိမ်းမှုအပြီး ရာမညတပ်ဖွဲ့ပေါ်ပေါက်လာပြီးနောက် ဦးစီးခေါင်းဆောင် နိုင်ချမ်း ဆိုသူသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်နေ့က လုပ်ကြံခံသေဆုံးခဲ့ပြီးနောက် နိုင်ဗညား ခေါင်းဆောင်၍ ဆက်လက်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။
Source; မွန်ပြည်သစ်သတင်းစဥ်။