ရုရှားနိုင်ငံ မော်စကိုမြို့တော်မှ စိန့်ပီတာဘာ့ဂ်မြို့သို့ ဗုဒ္ဓဟူးနေ့ညနေပိုင်းက ပျံသန်းလာသော စီးပွားရေးလုပ်ငန်းသုံး ခရီးသည်လေယာဉ်ပျက်ကျပြီး ၁၀ ဦးသေဆုံးသူ အမည်စာရင်းတွင် Wagner ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ယက်ဂါနီ ပရီဂိုဇင် Yevgeny Prigozhin ပါဝင်ကြောင်း ရုရှားသတင်းဌာနများက ကြေညာထားသည်။
သို့ရာတွင် ခရီးသည်စာရင်းတွင် ၄င်း၏အမည်စာရင်းပါဝင်သော်လည်း လူကိုယ်တိုင် လေယာဉ်ပေါ်လိုက်ပါ၊ မပါ ဆိုသည်ကို အတည်မပြုနိုင်သေးပါ။
ပြည်တွင်း၌ပျံသန်းနေသော စီးပွားရေးလုပ်ငန်းသုံး လေယာဉ်သည် “ ရှာရီမက်ယီဗို“ မှ ထွက်ခွာလာပြီး “စိန့်ပီ တာစဘတ်ဂ်“ သို့ ဦးတည်ပျံသန်းနေစဉ် မော်စကို အနောက်မြောက်ဘက် မိုင် ၁၁၀ ခန့်အကွာ ထားဒေသအနီး “ကူဇန်ကီနို“ ၌ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လေယာဉ်မှုး ၃-ဦးနှင့် လိုက်ပါလာသည့် ခရီးသည် ၇-ဦးတို့ အားလုံး သေဆုံးသွားကြောင်း TASS သတင်းအေဂျင်စီက သတင်းရေးသားသည်။
လေယာဥ်သည် ပျံသန်းချိန် မိနစ် ၃၀ မပြည့်မီ မြေပြင်ပေါ်ကို ထိုးစိုက်ကျသွားပြီး မီးလောင်ကျွမ်းသွားခဲ့ရာ ရုပ်အလောင်းလေးလောင်းကို တွေ့ရှိကြောင်း အရေးပေါ်တုံ့ပြန်ရေးဝန်ဆောင်မှုများဆိုင်ရာဌာက သတင်းထုတ်ပြန်သည်။
#ရုရှားလေယာဉ်ပျက်ကျ
#ဝက်ဂ်နာကြေးစားစစ်တပ်
#ယက်ဂါနီ_ပရီဂိုဇင်