ကောင်းဝါ သြဂုတ် (၂၁)
မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စစ်ရေးပြဿနာများကို ဖြေရှင်းရာတွင် အဖက်ဖက်မှ ယုံကြည်မှုတည်ဆောက်ကာ အမှန်တရားကိုလက်ကိုင်ထားပြီး တွေ့ဆုံဆွေးနွေးခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ယနေ့သြဂုတ် (၂၁) ရက်တွင် ထုတ်ပြန်လိုက်သည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ (၆) လပတ် အစည်းအဝေးကို သြဂုတ် (၁၈) ရက်မှ (၂၀) ရက်အထိ RCSS ဗဟိုဌာနချုပ် လွယ်တိုင်လျန်း၌ ကျင်းပခဲ့ပြီး ထုတ်ပြန် ပြောကြားခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)သည် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ(EAOs)ပါဝင်လက်မှတ်ရေးထိုးခဲ့သည့်အပြင် ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU)၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်နိုင်ငံတို့က အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ်ဖြစ်ပြီး အဆိုပါစာချုပ်ရှေ့မတိုးနိုင်သော်လည်း RCSS အနေဖြင့် ယနေ့ကာလအထိ NCA ၏ အနှစ်သာရကို စွဲကိုင်ထားဆဲဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
NCA သည် တွေ့ဆုံဆွေးနွေးခြင်းလမ်းကြောင်းမှတဆင့် တိုင်းပြည်၏ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် ဖြစ်သော်လည်း အလျှော့အတင်းမလုပ်နိုင်သဖြင့် NCA အကောင်အထည်ဖော်ဆောင်ခြင်းလုပ်ငန်းများ restoration Comach of the STAL ရှေ့မတိုးနိုင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ရေးသားထားသည်။
အစည်းအဝေးတွင် တိုက်ပွဲနှင့်သဘာဝဘေးအန္တရာယ်တို့ကြောင့်အတိဒုက္ခရောက်ခဲ့သည့် စစ်ဘေးရှောင်များ၊ပြည်သူလူထုများအပေါ် ကူညီထောက်ပံ့ခြင်းတို့ကို သုံးသပ်ဆွေးနွေး၍ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရမည်ဖြစ်၍ အဖက်ဖက်မှ တွေ့ဆုံဆွေးနွေးကြရန်လည်း RCSS က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။