သထုံ ဇူလိုင် (၂၄)
မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ရန်ကုန် – မော်လမြိုင်ကားလမ်း သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတား ယာယီဘေလီတံတားပြုလုပ်နေသည့် လုပ်ငန်းခွင်အား ယမန်နေ့ ဇူလိုင်လ (၂၃) ရက် ညနေ (၄) နာရီခွဲအချိန်ခန့်က Drop Bomb ဖြင့် ထပ်မံတိုက်ခိုက်ခံရပြန်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါ ကျုံအိတ်တံတားအား ယာယီဘေလီတံတားထိုးရန် တံတားတည်ဆောက်ရေးအဖွဲ့များက လုပ်ဆောင်နေစဉ် Drop Bomb (၇) လုံးခန့် ပစ်ချတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“ဘေလီတံတားတည်ဆောက်ရေးလုပ်ငန်းခွင့် နဲ့ ခရီးသွားပြည်သူတွေ ထိခိုက်မှုမရှိစေဖို့အတွက်ကို Drone Guard တွေ တပ်ဆင်ထားတဲ့အတွက် ဘေဘီတံတား တည်ဆောက်ရေးလုပ်ငန်းခွင်မှာတော့ ထိခိုက်မှုတွေမရှိခဲ့ဘူးလို့ ဆိုတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မိုးခွဲဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတား၏ ပျက်ဆီးသွားသည့်အပိုင်းတွင် ယာယီဘေလီတံတားထိုးရန် ဆောင်ရွက်နေသည် လုပ်ငန်းခွင်အား ပြီးခဲ့သည့် ဇူလိုင်လ (၁၅) ရက်က (၂) ကြိမ်၊ ဇူလိုင်လ (၁၂) ရက်က (၁) ကြိမ်၊ ဇူလိုင်လ (၉) ရက်က (၁) ကြိမ်၊ ဇူလိုင်လ (၈) ရက်က (၁) ကြိမ်၊ ဇူလိုင်လ (၇) ရက်က (၁) ကြိမ် စုစုပေါင်း (၇) ကြိမ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
ကျုံအိတ်တံတားအား ပြီးခဲ့သည့် ဇွန်လ (၂၉) ရက် နံနက် (၄) နာရီခွဲအချိန်ခန့်က KNU တပ်မဟာ (၁)၊ တပ်ရင်း (၂) KNLA/PDF ပူးပေါင်းတပ်ဖွဲ့မှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ တံတားမိုင်းခွဲခံရသည့် တံတားကျိုးကျချိန်တွင် အိမ်စီးကား (၃) စီးပျက်စီးခဲ့ရာ (၂) စီးမှာ ချောင်းအတွင်းပြုတ်ကျပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ၊ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် တံတားအကျယ် (၂၇) ပေခန့်ပျက်စီးခဲ့ကြောင်း သိရသည်။