ဇူလိုင် (၂၄)
၀န်ကြီးချုပ်ဟွန်ဆန် ဦးဆောင်သော အာဏာရပါတီအနေဖြင့် ဇူလိုင် ၂၃ ရက်က ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံပါတီမရှိဘဲ အပြတ်အသတ် ဆက်လက်အနိုင်ရရှိကြောင်း သတင်းများက ရေးသားဖော်ပြသည်။
ရွေးကောက်ပွဲကော်မရှင်က မဲရလဒ်များကို ထုတ်ဖော်ကြေညာခြင်းမရှိသေးသေးသော်လည်း ဟွန်ဆန်၏ ကမ္ဘောဒီးယားပြည်သူ့ပါတီအနေဖြင့် အမျိုးသားလွှတ်တော် အမတ်နေရာ ၁၂၅ နေရာရှိသည့်အနက် ၁၂၀ နေရာအထိ ရရှိထားသည်ဟု သတင်းများတွင် တွေ့ရသည်။
ရွေးကောက်ပွဲတွင် အဓိကအတိုက်အခံဖြစ်သော အလင်းတိုင်ပါတီကို စာရွက်စာတမ်းများမပြည့်စုံဟုဆိုကာ ရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပြီး အတိုက်အခံမပါ၀င်ဘဲ ပါတီငယ်များအပါအဝင် ၁၈ ပါတီမှ ကိုယ်စားလှယ်လောင်းများသာ ၀င်ရောက်ယှဉ်ခြင်း ဖြစ်သည်။
ဟွန်ဆန်၏ သားအကြီးဆုံးသား ဟွန်မန်နက်က အမတ်သေချာသလောက်ဖြစ်နေပြီး ဖခင်ဝန်ကြီးချုပ်၏ နေရာဆက်ခံသူအဖြစ်နေရာပေးမည်ဖြစ်ကြောင်း ဟွန်ဆန်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။
လက်ရှိရွေးကောက်ပွဲရလဒ်ကို အမေရိကန်နိုင်ငံကလက်မခံကြောင်း ထုတ်ပြန်ထားသလို နှစ်ပေါင်း ၄၀ ခန့်အုပ်ချုပ်ခဲ့သည့် ၀န်ကြီးချုပ်ဟွန်ဆန်၏ လုပ်ဆောင်ချက်များအပေါ် အမေရိကန်နှင့် အနောက်နိုင်ငံများက စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။
Source; CNN