နေပြည်တော်-၂၀၂၃ ဇူလိုင် (၂၃)
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က “နှစ်သောင်းကျပ်တန်” ငွေစက္ကူအသစ်ကို လာမည့် ဇူလိုင် ၃၁ ရက်နေ့မှစတင်ပြီး ထုတ်ဝေမည်ဖြစ်ကြောင်း မြဝတီသတင်းဌာနမှ ယနေ့နံနက်တွင် ကြေညာခဲ့သည်။
ကျပ် ၂၀၀၀၀ တန် ငွေစက္ကူအသစ်သည် အစိမ်းနုရောင်ရှိပြီး အရှေ့ဘက်၌ ဆင်ဖြူတော်ပုံနှင့် အနောက်ဘက်တွင် စစ်ကိုင်းတံတားပုံ၊ ဧရာဝတီတံတားပုံ ရိုက်နှိပ်ထားမည်ဖြစ်သလို လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများနှင့် ငွေအကြွေများသည်လည်း မူလအနေအထားအတိုင်း တရားဝင်သုံးစွဲငွေအဖြစ် ဆက်ရှိနေမည်ဖြစ်သည်။
နှစ်သောင်းကျပ်တန်ကို အကန့်အသတ်ဖြင့်သာ ထုတ်ဝေပေးမည်ဖြစ်ပြီး ဟောင်းနွမ်း၍ သုံးစွဲ၍မရတော့သည့် ငွေစက္ကူအမျိုးအစားများနှင့် တန်ဖိုးတူလဲလှယ်ပေးမည်ဖြစ်ကြောင်း သိရသည်။