ကောင်းဝါ- ၂၀၂၃ ဇူလိုင်(၁၈)
ရှေးမွန်များတည်ထောင်ခဲ့သည့် ပထုံဌာနီမြို့ ၂၅၀ နှစ်ပြည့်အခမ်းအနားကို ထိုင်း-မွန်ရာမန် မွန်ကျောင်းသားကျောင်းသူ ၁၅၁၀ ဦးတို့၏”Thai-Raman Phakdi 1,510 Lives, Pathum Thani Blessing” အကပဒေသာဖြင့် မွန်ယဥ်ကျေးမှုပွဲတော်အခမ်းအနားကို ယနေ့ (ဇူလိုင် ၁၈) နံနက် ၉ နာရီအချိန်တွင် စတင်ကျင်းပခဲ့သည်။
ပထုံဌာနီပြည်နယ် Wat Bot Luang Pu Thian ဘုန်းတော်ကြီးကျောင်းရင်ပြင်တော်၌ ထိုင်းဘုရင့်ပူဇော်ပွဲကိုလည်း ကျင်းပသည်။
လွန်ခဲ့သည့်နှစ် ၂၅၀ ကျော် ပဲခူးဟံသာဝတီနေပြည်တော် ပျက်သုဥ်းခဲ့သည့်အတွက် စစ်ရှုံးထွက်ပြေးလာကြရသည့် မွန်လူမျိုးတို့ကို ထိုင်းဘုရင်က ပထုံဌာနီအရပ်တွင် နေရာချပေးခဲ့ပြီး မြို့ပြအဖြစ်တည်ထောင်လာသည်ကို ပြန်လည်အမှတ်ရစေရန် ထိုင်း-မွန်ရာမာဥ်တို့က အခမ်းအနားကျင်းပခြင်းဖြစ်ကြောင်း သိရသည်။