ကောင်းဝါ ၂၀၂၃ ဇူလိုင်(၁၃)
ယနေ့ကျင်းပခဲ့သည့် ထိုင်းအထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့၏ ပူးတွဲပါလီမန်အစည်းအဝေး ဝန်ကြီးချုပ်သစ်ရွေးချယ်ပွဲတွင် Move Forward ပါတီခေါင်းဆောင် ဖိတာ Pita Limjaroenrat ကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ရာ၌ ထောက်ခံမဲ ၃၂၄ မဲသာရရှိခဲ့ပြီး ၅၂ မဲလိုအပ်နေသည့်အတွက် ဝန်ကြီးချုပ်အဖြစ်မှ လွဲချော်ခဲ့ရကြောင်း သတင်းရရှိသည်။
အထက်လွှတ်တော် အမတ် ၂၅၀ နေရာတွင် အမတ် ၂၁၆ ဦးသာ လွှတ်တော် တက်ရောက်ခဲ့ကြောင်း၊ ဝန်ကြီးချုပ်နေရာအတွက် လိုအပ်ရာ ၃၇၆ မဲ လိုအပ်လျက်ရှိရာ ဖိတာ လင်မ်ဂျာဂျွန်ရတ်အနေဖြင့် ထောက်ခံမဲ ၃၂၄ မဲ, ကန့်ကွက်မဲ ၁၈၂, ကြားနေမဲ ၁၉၉ မဲ ရရှိခဲ့ကြောင်း တွေ့ရသည်။
ထိုင်းနိုင်ငံဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်အရည်အချင်းပြည့်မီရန် အမတ်ဦးရေ ၇၅၀ ရှိသော ပူးတွဲပါလီမန်တွင် အနည်းဆုံးမဲအရေအတွက်ထက်ဝက်ကျော် ၃၇၆ မဲ လုံလောက်စွာ ရရှိထားရမည်ဖြစ်သည်။
အလားတူ Move Forward ပါတီနှင့် ၈ ပါတီညွန့်ပေါင်းအဖွဲ့အနေဖြင့် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် လုံလောက်သောမဲအရေအတွက်ရရှိရန် ၈ ပါတီညွန့်ပေါင်းအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းသွားရန်လိုအပ်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။