ကောင်းဝါ ၂၀၂၃ ဇူလိုင် (၁၂)
ဒုတိယအကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံ (တာချီလိတ်-မယ်ဆိုင်) နယ်စပ်ဆက်ဆံရေးအဖွဲ့ အစည်းအဝေးကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို 1G1-11 ဟိုတယ်အစည်းခန်းမ၌ ကျင်းပခဲ့သည်။
သို့ရာတွင် အစည်းအဝေးတွင် နှစ်ဖက်ဆွေးနွေးခဲ့ကြသည့်အကြောင်းအရာနှင့်ပတ်သက်၍ နှစ်ဖက်စလုံးမှ သတင်းထုတ်ပြန်ခဲ့သည်ကို မတွေ့ရပေ။
စောင့်ကြည့်လေ့လာသူများအဆိုအရ ထိုင်းနိုင်ငံဘက်မှရောက်ရှိလာသော နိုင်ငံခြားသားမိန်းခလေးငယ်များ မြန်မာဘက် တာချီလိတ်မြို့နယ်ဘက်သို့ တရားမဝင်ဖြတ်ကျော်နေမှုများ၊ ကာစီနိုရုံများအတွင်းဖြစ်ပေါ်နေသော ပြည့်တန်ဆာလုပ်ငန်း၊ လိင်လုပ်သားအဖြစ်အဓ္ဓမ သွပ်သွင်းခံရမှုများကိစ္စနှင့် လူကုန်ကူးခြင်းပြဿနာတို့ကို ဆွေးနွေးစရာရှိသည်ဟု မျှော်လင့်နေကြသည်။
အလားတူ ဇွန်လ ၁၉ ရက်က ကျင်းပခဲ့သည့် မြန်မာ – ထိုင်း နယ်စပ်ကော်မတီ Thai – Myanmar Township Border Committee (TBC) မြိုနယ်အဆင့် အစည်းအဝေး၌ ထိုင်း-မြန်မာ နယ်စပ်မျဥ်းပေါ်ရှိ “UWSA” တပ်စခန်း (၅) ခု ဆုတ်ခွာပေးရေး၊ ဝရမ်းပြေးများ ဖမ်းဆီးပေးရေး၊ မီးခိုးမြူငွေ့ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ် ပညာရေး၊ ကျန်းမာရေး၊ အားကစားရေးရာများ ပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးများ တရားမဝင်လမ်းကြောင်းမှ တင်ပို့နေမှုများ၊ လက်နက်ခဲယမ်းများ တရားမဝင် သယ်ဆောင်သည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်ဟု သတင်းများက ဖော်ပြခဲ့သည်။