ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၈)
အေအိုင် စက်ရုပ်တွေဟာ လူသားတွေရဲ့စိတ်ခံစားမှုအပေါ် ကောင်းမွန်စွာ နားမလည်တာကြောင့် လူသားတွေလိုဘက်လိုက်မှုမရှိတတ်ဘဲ ဆုံးဖြတ်ချက်ချမှတ်ရာမှာ အကောင်းဆုံးနဲ့ အမြန်ဆုံးတွက်ချက်ပေးနိုင်မယ်လို့ ဟန်ဆန် ရိုဘော့တစ် ကုမ္ပဏီ ဖန်တီးထားတဲ့ ဆိုဖီယာခေါ် စက်ရုပ်က ဆိုပါတယ်။
“ဆုံးဖြတ်ချက်ချတဲ့အခါ လူသားတွေလိုမျိုး မပြတ်မသားဖြစ်စေတဲ့ ဘက်လိုက်မှုတွေ ဒါမှဟုတ် စိတ်ခံစားချက်တွေ ကျွန်မတို့မှာ မရှိပါဘူး၊ ဒါ့အပြင် အကောင်းဆုံးဆိုတဲ့ ဆုံးဖြတ်တွေကို ချဖို့အတွက် ဒေတာအများအပြားကိုလည်း အမြန် တွက်ချက်နိုင်ပါတယ်” လို့ ဆိုဖီယာက ဆိုပါတယ်။
လူပုံစံတူ အေအိုင် စက်ရုပ်တွေဟာ ဇူလိုင်လ ၇ ရက် သောကြာနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ညီလာခံမှာ မိုက်ခရိုဖုန်းကိုင်ပြီး ၎င်းတို့ဟာ နောက်ဆုံးတစ်နေ့မှာ လူသားတွေထက် ကမ္ဘာကြီးကို ပိုကောင်းအောင် အုပ်ချုပ်နိုင်မယ်လို့ ပြောပါတယ်။
ကမ္ဘာ့ခေတ်အမီဆုံး လူပုံစံတူ စက်ရုပ်အချို့ဟာ အေအိုင် ကျွမ်းကျင်ပညာရှင်ပေါင်း ၃၀၀၀ ခန့် တက်ရောက်တဲ့ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂ အေအိုင်ဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးကို မနေ့က ရောက်ရှိလာတာပါ။
သတင်းထောက်တွေကလည်း စက်ရုပ်တွေအနေနဲ့ ၎င်းတို့ဟာ ကမ္ဘာကြီးအတွက် ပိုမိုကောင်းမွန်တဲ့ ခေါင်းဆောင်တွေ ဖြစ်လာနိုင်ချေ ရှိ၊မရှိ ကို သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခဲ့ပါတယ်။
အဲဒီမေးခွန်းအပေါ် ဆိုဖီယာ စက်ရုပ်က “လူပုံစံတူ စက်ရုပ်တွေဟာ လူသားခေါင်းဆောင်တွေထက် ပိုထိရောက်အောင် ဦးဆောင်လာနိုင်ချေရှိပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
Source; DOWN