ကောင်းဝါ- ၄ ဇူလိုင် ၂၀၂၃။
တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘရားဇီး၊ နှင့် တောင်အာဖရိက တို့ဖြင့် ဖွဲ့စည်းထားသော BRICS အုပ်စု၏ အစည်းအဝေးကို တောင်အာဖရိကနိုင်ငံ၊ ဒါဘန်မြို့တွင် ဇူလိုင်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးများနှင့် နိုင်ငံခေါင်းဆောင်များက အဖွဲ့ဝင်တိုးချဲ့ရေး စာချုပ်ကို အပြီးသတ်နိုင်ရန်အဓိက ဆွေးနွေး ဆောင်ရွက်ကြမည်ဖြစ်သည်။
ဒေါ်လာအပေါ် မှီခိုအားထားမှုအား လျော့ချရန် ကြိုးပမ်းနေသည့် BRICS အုပ်စုသို့ ဆော်ဒီအာရေးဗျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အီဂျစ်နှင့် အာဂျင်တီးနား တို့အပါအဝင် နိုင်ငံပေါင်းများစွာက ဝင်ရောက်ရန် စိတ်ဝင်စားနေကြောင်း တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး နလည်ဒီ ပန်ဒေါက ဝီယွန် WION သတင်းဌာနအား ပြောကြားခဲ့သည်။
ယခုလက်ရှိတွင် နိုင်ငံပေါင်း ၁၉ နိုင်ငံသည် ဘရစ်ဖိုရမ်၌ အဖွဲ့ဝင်အပြည့်အဝ ဖြစ်လာရန် စိတ်ဝင်စားနေကြောင်း ထိုအထဲမှ ၁၃ နိုင်ငံကမူ အဖွဲ့ထဲ ဝင်ရောက်ခွင့်ပေးရန်အတွက် တရားဝင် တောင်းဆိုထားပြီး ဖြစ်သည်။
WION သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် တောင်အာဖရိကနိုင်ငံခြားရေးဝန်ကြီး Naledi Pandor က ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ အာဂျင်တီးနား၊ မက္ကဆီကိုနှင့် နိုင်ဂျီးရီးယားတို့ အပါအဝင် နိုင်ငံအများအပြားသည် BRICS တွင် ပါဝင်ရန် စိတ်အားထက်သန်နေကြကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဖွံ့ဖြိုးတိုးတက်မှုသည် အမေရိကန်ပြည်ထောင်စုနှင့် အခြားသော အနောက်နိုင်ငံများအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး ၎င်းတို့၏ GDP သည် BRICS ထက် လျော့နည်းသွားမည်ဟု ယုံကြည်နေကြသည်။