ကောင်းဝါ- ဇွန်၃၀၊ ၂၀၂၃။
အသက် (၈၅) နှစ်နှင့်အထက် လူကြီးများအား ထောက်ပံ့ပေးလျက်ရှိသော သက်ကြီး လူမှုရေးထောက်ပံ့ငွေပမာဏ တစ်နှစ်စာအတွက် ကျပ် ၆ သောင်းအထိ ထက်ဝက်လျှော့ချလိုက်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
ယခင်က တစ်နှစ်စာငွေကျပ် ၁၂၀,၀၀၀ ထောက်ပံ့ပေးနေရာမှ ယခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ၆ လတစ်ကြိမ်၊ တစ်ကြိမ်လျှင် ကျပ် ၃၀,၀၀၀ နှုန်းဖြင့် တစ်နှစ်အတွက် စုစုပေါင်း ၂ ကြိမ် ကျပ် ၆၀,၀၀၀ သာ ရရှိမည်ဖြစ်ကြောင်း သိရသည်။
အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများကို ယခင်က တစ်ဦးလျှင် တစ်လ ကျပ် ၁၀,၀၀၀ နှုန်းဖြင့် ၃ လ တစ်ကြိမ်ထုတ်ပေးခဲ့ပြီး တစ်နှစ်အတွက် စုစုပေါ င်း ကျပ် ၁၂၀,၀၀၀ ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ လူမှုရေးပင်စင်လျှောက်ထားလိုသူ သက်ကြီးဘိုးဘွားများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (သိုမဟုတ်) အိမ်ထောင်စုစာရင်းပုံစံ ၆၆ (ဃ) အထောက်အထားများနှင့် အတူ မိမိတို့၏ မြိုနယ်လူမှုဝန်ထမ်းရုံးများတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများ ၂၃၀,၀၀၀ ကျော်ရှိကြောင်း ၂၀၁၄ သန်းခေါင်စာရင်းက ဖော်ပြသည်။