ကောင်းဝါ- ဇွန်၃၀၊ ၂၀၂၃။
မြန်မာနိုင်ငံ၏ ပြည်ပသို့သစ်တောထွက်ပစ္စည်းတင်ပို့မှုမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၂ လခွဲအတွင်း) ဒေါ်လာ ၁၆ သန်းနီးပါးရရှိခဲ့သော်လည်း ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁၆ သန်းနီးပါး ထက်ဝက်ခန့်ကျဆင်းလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစာရင်းအရ သိရသည်။
ယခင်နှစ်ကာလတူတွင် သစ် တောထွက်ပစ္စည်းတင်ပို့မှုသည် ဒေါ်လာ ၃၁ ဒသမ ၉၂၈ သန်းအထိရှိခဲ့ပြီး ယခု ၂၀၂၃ -၂၀၂၄ ဧပြီ ၁ ရက်မှ ဇွန် ၁၆ ရက်အတွင်း ပြည်ပသို့ သစ်တောထွက် ပစ္စည်းတင်ပို့မှုသည် ဒေါ်လာ ၁၅ ဒသမ ၆၉၂ သန်းသာ ရရှိသဖြင့် ဒေါ်လာ ၁၅ ဒသမ ၉၆၆ သန်း လျော့ကျခဲ့ခြင်း ဖြစ်သည်။
ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါဆိုး ခံစားနေသည့်ကာလနှင့် စစ်အာဏာသိမ်းသည့် (၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်) တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် ပို့ကုန်ဒေါ်လာ ၈,၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၉,၀၆၈ ဒသမ ၉၁၄ သန်း၊ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈,၀၄၅ ဒသမ ၉၂၉ သန်း ရှိခဲ့ကြောင်း သိရသည်။